ပြင်သစ်နိုင်ငံ

November 5, 2018

ပြင်သစ်နိုင်ငံက ဧရာမပင့်ကူစက်ရုပ်ကြီးနှင့် မီနိုတာအို စက်ရုပ်ကြီးများ

နိုဝင်ဘာလ ၂ ရက်နေ့က ပြင်သစ်နိုင်ငံမှာ French street theatre group "La Machine"  အဖွဲ့က ဧရာမပင့်ကူ စက်ရုပ်ကြီးနဲ့ မီနိုတာအို စက်ရုပ်ကြီးတွေကို လမ်းပေါ်မှာ ပြသခဲ့ပါတယ်။ အဲဒီ့ဧရာမ  ပင်ကူ စက်ရုပ်ကြီးတွေဟာ ၄၃ ပေအရွယ် နဲ့ ခြေထောက်တွေပါဆို ၆၅ ပေ အထိ အမြင့်ရှိပြီး အလေးချိန် ၃၈ တန်လေးပါတယ်။ ဂရိဒဏ္ဍာရီထဲက မီနိုတာအို အရုပ်ကြီးကတော့ ၄၆ ပေမြင့်ပြီး အလေးချိန်က ၄၇ တန်ရှိပါတယ်။ အဲဒီစက်ရုပ် ၂ ရုပ်ကို ၂ နှစ် အချိန်ယူ တည်ဆောက်ခဲ့ကြတာပါ။ အဲဒီစက်ရုပ်ကြီး ၂ ခုကို ဒါဇင်နဲ့ချိန်တဲ့ ထိန်းချုပ်မောင်းနှင်သူတွေက တကယ့်သက်ရှိသဖွယ် မောင်းပြခဲ့ကြပြီး လူထုတွေကလည်း စိတ်ဝင်တစားကြည့်ရှု အားပေးခဲ့ကြတာပါ။ သူတို့ရဲ့ မျက်လုံးတွေကို စိတ်ခံစားချက် ပေါ်လွင်အောင် ပြုလုပ်ထားတယ်လို့ မျက်လုံးနဲ့ နားတွေကို ထိန်းချူပ်မှု လုပ်နေတဲ့ "La Machine"  အဖွဲ့ဝင်တဦးကပြောပါတယ်။ "Guardian of the Temple"  စက်ရုပ်ပြပွဲအတွက် ဒီစက်ရုပ်တွေကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ "Guardian of the Temple" ပြပွဲဟာ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ၊ အနုပညာရှင်တွေရဲ့ အကြီးစားအသေးစား စက်မှုဖန်တီးမှုတွေကို ပြသတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပြီး နိုဝင်ဘာ ၄ ရက်ကနေ ၉  ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
3 years Ago

April 27, 2017

ကချင်နှင့်ရခိုင်ပြည်နယ်အတွက် ပြင်သစ်နိုင်ငံက ယူရိုငွေ ၇ သိန်း အကူအညီပေးအပ်

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာမှုလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ဖြည်းဆည်းနိုင်ဖို့ ပြင်သစ်နိုင်ငံက ယူရိုငွေ (၇) သိန်း အကူအညီ ပေးအပ်လိုက်ပါတယ်။ ကချင်ပြည်နယ်မှာ မကြာသေးခင်ကာလက ဒေသခံပြည်သူတွေပြောင်းရွှေ့ခဲ့ရတာကြောင့် ဒေသခံတွေအတွက် စားနပ်ရိက္ခာဖူလုံရေးအတွက် ပြင်သစ်နိုင်ငံက ယူရိုငွေ ၂၃၅,၀၀၀ ပေးအပ်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံဟာ ရခိုင်ပြည်နယ်ရဲ့ အာဟာရချို့တဲ့ခြင်း ပြဿနာတိုက်ဖျက်ရေးလုပ်ငန်းကို ကူညီထောက်ပံ့ခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီး ယခုနှစ်မှာလည်း ကလေးသူငယ်တွေ အာဟာရချို့တဲ့တာကို ရေရှည်တိုက်ဖျက်သွားနိုင်ဖို့ ရည်ရွယ်ပြီး ဆက်လက်ထောက်ပံ့မယ်လို့ လည်းဆိုပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်အတွင်း ပြင်သစ်နိုင်ငံဟာ မြန်မာနိုင်ငံရှိ အစိုးရမဟုတ်တဲ့ မြန်မာ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ယူရိုငွေ (၇) သန်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်ချက်အရသိရပါတယ်။
4 years Ago
Up