ပြင်သစ်ဘောလုံးမဂ္ဂဇင်း ရွေးသည့် ကမ္ဘာ့အကောင်းဆုံး

December 7, 2017

ပြင်သစ်ဘောလုံးမဂ္ဂဇင်း ရွေးသည့် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းတွင် ဒီဂီယာ အဆင့် ၇ ရပ်တည်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းဂိုးသမား စာရင်းမှာ မန်ယူဂိုးသမား ဒီဂီယာက အဆင့် ၇ နေရာမှာ ရပ်တည်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားအဖြစ် ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နူရယ်နူအာက ရမှတ် ၃၀ နဲ့ အဆင့် ၁ မှာ ရပ်တည်ခဲ့ပြီး မန်ယူ ဂိုးသမား ဒီဂီယာက ရမှတ် ၄ မှတ်သာရပြီး အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့တာပါ။ ဒီရွေးချယ်မှုကို ဝါရင့်ဂိုးသမားတွေဖြစ်တဲ့ သြစတြးလျက ရှာဝါဇာ၊ စပိန်ဂိုးသမားဟောင်း ကာနီဇာရက်စ်၊ အီတလီ ဂိုးသမားဟောင်း ဖရန်စစ္စကိုတော်ဒို စတဲ့ ဝါရင့်ဂိုးသမားဟောင်း ၅ ဦးက အမှတ်ပေး ရွေးချယ်ခဲ့တာပါ။ အဆင့် ၂ နေရာမှာ အီတလီနဲ့ ဂျူဗင်တပ်စ် ဂိုးသမား ဘတ်ဖွန်က ရပ်တည်ခဲ့ပြီး ချဲလ်ဆီးက ကော့တွိုက်က အဆင့် ၃၊ စပါးက လိုရစ်က အဆင့် ၄၊ အက်သလက်တီကိုက အိုဘလိတ်က အဆင့် ၅၊ ရီးယဲလ်မက်ဒရစ်က နာဗက်စ်က အဆင့် ၆ နေရာတွေမှာ အသီးသီး ရပ်တည်ခဲ့ပါတယ်။ အဆင့် ၈ နဲ့ အဆင့် ၉ နေရာတွေမှာတော့ ဘာစီလိုနာဂိုးသမား တာစတီဂန်၊ အင်တာမီလန်က ဟန်ဒါနိုဗစ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။
3 years Ago
Up