ပြင်သစ်အကြမ်းဖက်မှု

November 23, 2015

ပြင်သစ် အကြမ်းဖက်မှုဖြစ်စဉ် နောက်ဆက်တွဲ တရားခံ ၁၆ ဦးကို ဘယ်လ်ဂျီယံရဲ ဖမ်းဆီး (ရုပ်သံ)

နိုဝင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ တရားခံ ၁၆ ဦးကို ဘယ်လ်ဂျီယံရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီကြေညာချက်ကို နိုဝင်ဘာ ၂၃ ရက် အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ခုဖမ်းဆီးခဲ့သူတွေထဲမှာ ဘယ်လ်ဂျီယံနိုင်ငံက သံသယရှိသူ ဆယ်လိုအက်ဘ် ဒက်ဆလွန် ပါဝင်ခြင်း မရှိသေးဘူးလို့ အစိုးရရှေ့နေ အဲရစ်ဗန်ဒါစီဂျစ်က ပြောပါတယ်။ “လက်နက်တွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ မတွေ့ရဘူး။ ဆယ်လိုအက်ဘ် ဒက်ဆလွန်ဟာ အကြမ်းဖက်မှုမှာ ပါဝင်တယ် ဆိုတာကိုလည်း မတွေ့ရဘူး။ မနက်ဖြန်မှာ တရားသူကြီးက ဆုံးဖြတ်ပါလိမ့်မယ်။” ပါရီမြို့က အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့ရတာပါ။ လက်ရှိမှာတော့ အဲဒီလူ ၁၆ ဦးကို ဘဲလ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်မြို့ကို ခေါ်ဆောင်သွားခဲ့ပြီး အကြမ်းဖက်မှု ဖြစ်စဉ်ထဲမှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစိုးရရှေ့နေ အဲရစ်ဗန်ဒါစီဂျစ်က ပြောပါတယ်။ ရုပ်သံ - စီစီတီဗွီ
7 years Ago
Up