ပြင်သစ်အိုးပင်း

May 28, 2018

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ပထမအဆင့်မှ ထွက်

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အော့စ်တာပန်ကိုနဲ့ နာမည်ကြီး ဗီးနပ်စ်ဝီလျံတို့ ပထမအဆင့်ကနေပဲ ထွက်လိုက်ရပါတယ်။ နိုင်ခြေအဆင့် ၅ သတ်မှတ်ခံထားရတဲ့ လတ်ဗီးယားသူ အော့စ်တာပန်ကိုဟာ ယူကရိန်းက ကော့ဇ်လိုဗာကို ၇-၅၊ ၆-၃ နဲ့ နှစ်ပွဲပြတ် အရေးနိမ့်ခဲ့တာကြောင့် ပထမအဆင့်ကနေ ထွက်ခဲ့ရတာပါ။ နိုင်ခြေအဆင့် ၉ ရှိ အမေရိကန်က ဗီးနပ်စ်ဝီလျံကတော့ တရုတ်က ဝမ်ကျိယန် (Wang Qiang) ကို ၆-၄၊ ၇-၅ နဲ့ နှစ်ပွဲပြတ်နဲ့ပဲ ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာပါ။ အမျိုးသားတဦးချင်းပွဲတွေမှာတော့ ဘူလ်ဂေးရီးယားက ဒီမီထရော့ဗ်က အီဂျစ်က ဆာဝက်သ်ကို အနိုင်ရခဲ့သလို ဘယ်လ်ဂျီယံက ဂေါ်ဖင်ကလည်း ဟော်လန်က ရော်ဘင်ဟတ်ဆီကို အနိုင်ယူခဲ့ပါတယ်။ နောက်ထပ် ပထမအဆင့်ပွဲစဉ်တွေကိုတော့ မေလ ၂၈ ရက်မှာ ဆက်ကစားမှာဖြစ်ပြီး ဂျိုကိုဗစ်၊ ရာဖေးလ်နာဒဲလ် စတဲ့ နာမည်ကြီး ကစားသမားတွေနဲ့အတူ ရှာရာဗိုဗာ၊ ဝေါ်ဇနီယာကီ စတဲ့ အမျိုးသမီး ကစားသမားတွေရဲ့ ပွဲစဉ်တွေ ဆက်ပြီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ရာဖေးနာဒဲလ်က နိုင်ခြေအဆင့် ၁ သတ်မှတ်ခံထားရပြီး ဆွစ်ဇာလန်က နာမည်ကြီး ရော်ဂျာဖက်ဒရာကတော့ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။ အမျိုးသမီးပြိုင်ပွဲမှာတော့ ရိုမေးနီးယားက ဆိုင်မွန်ဟေးလက်ပ်၊ ဝေါ်ဇနီယာကီ၊ မူဂါယူဇာ စတဲ့ ကစားသမားတွေက နိုင်ခြေအဆင့် အများဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။
3 years Ago

June 7, 2015

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ စရီနာ ဗိုလ်စွဲ

ပဲရစ်မှာ ဇွန်လ ၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ စရီနာ ၀ီလျံစ်က ချက်နိုင်ငံသူ လူစီ ဆာဖာရိုဗာကို အနိုင်ရ သွားပါတယ်။ အသက် ၃၃ နှစ်အရွယ် အမေရိကန်သူက ပထမပွဲမှာ ၆ - ၃ နဲ့ အနိုင်ရပြီး ဒုတိယပွဲမှာ အဆုံးအဖြတ် Tie Break အထိ သွားခဲ့ရပြီး ၇ - ၆ နဲ့ အရှုံးပေး လိုက်ရပါတယ်။ နောက်ဆုံးပွဲမှာ လက်စွမ်းပြပြီး အမှတ်ပြတ် ၆ - ၂ နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ပြင်သစ်အိုးပန်း ချန်ပီယံဆုဟာ ကမ္ဘာ့နံပါတ်တစ် စရီနာအတွက် တတိယအကြိမ်မြောက် ရယူနိုင်တာပါ။ အခုရတဲ့ ပြင်သစ်အိုးပန်း ဂရန်စလန်း ချန်ပီယံဆုဖလားဟာ စရီနာအတွက်တော့ ကစားသမား သက်တမ်းအတွင်းမှာ အကြိမ် ၂၀ မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ - Rolandgarros.com [gallery ids="96416,96417,96418"]
6 years Ago
Up