ပြင်သစ်အိုးပင်း

August 25, 2018

လာမည့်နှစ် ပြင်သစ်အိုးပင်းတွင် ဆရီနာဝီလီယံ အနက်ရောင်ဝတ်စုံဝတ်ခွင့် ပိတ်ပင်ခံရ

ဂရမ်းစလင်းချန်ပီယံဆု ၂၃ ဆုထိ ရရှိထားတဲ့ နာမည်ကျော် တင်းနစ်ကစားသမား ဆရီနာဝီလီယံ ပြိုင်ပွဲဝင်ရာမှာ ဝင်ဆင်လေ့ရှိတဲ့ အနက်ရောက်ဝတ်စုံကို လာမယ့်နှစ် ပြင်သစ်အိုပင်းပြိုင်ပွဲမှာ ဝတ်ဆင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြင်သစ်တင်းနစ်ဖက်ဒရေးရှင်းက သြဂုတ်လ ၂၄ ရက်နေ့မှာ ပြောကြားပါတယ်။ ဆရီနာဝီလီယံဟာ အဲဒီအနက်ရောင်ဝတ်စုံနဲ့ ပြိုင်ပွဲယှဉ်ပြိုင်ရာမှာ သူ့ကိုယ်သူ စူပါဟီးရိုး တစ်ယောက်လို ခံစားရတယ်လို့ ပြောကြားထားတာလည်းဖြစ်ပါတယ်။ ပြင်သစ်ဂရမ်းစလင်းဆု ၃ ကြိမ် ရရှိခဲ့ဖူးတဲ့ ဆရီနာဝီလီယံဟာ လာမယ့်နှစ် မေလမှာကျင်းပမယ့် ပြင်သစ်အိုးပင်းပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။ ပြင်သစ်တင်းနစ်ဖက်ဒရေးရှင်း ဥက္ကဋ္ဌ ဘားနတ် ဂူဒီဆယ်လီက စည်းမျဉ်းအသစ်တွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ခြင်းမရှိပေမယ့် ပြင်သစ်အိုးပင်းပွဲဟာ ဗြိတိန်ဝင်ဘယ်လ်တန်ပြိုင်ပွဲလောက် ဝတ်စုံဝတ်ဆင်ရာမှာ တင်းကြပ်မှု ရှိမှာမဟုတ်ဘူးလို့ ပြောကြားပါတယ်။ ဗြိတိန် ဝင်ဘယ်လ်တန်အိုးပင်း ပြိုင်ပွဲမှာ အားကစားသမားတွေဟာ ဝတ်စုံအဖြူကိုသာ ဝတ်ဆင်ယှဉ်ပြိုင်ရတာလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up