ပေါ့ဂ်ဘာနဲ့ မာရှယ်တို့ဟာ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်း လူစာရင်းကနေ နုတ်ထွက်သွားပါတယ်။
နည်းပြဒက်စ်ချမ့်ဟာ မန်ယူကစားသမားနှစ်ဦးကို ရွေးချယ်ထားပေမယ့် မန်စီးတီးကိုရှုံးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ဒဏ်ရာကိုယ်စီ ရခဲ့တာကြောင့် နုတ်ထွက်ခဲ့တာပါ။
မာရှယ်ဟာ တနင်္လာနေ့က ပြင်သစ်အသင်း အခြေစိုက်ရာ လေ့ကျင့်ရေးကွင်းကို လာရောက်သတင်းပို့ခဲ့ပြီး အသင်းဆရာဝန်နဲ့ ပြသအပြီးမှာ လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။
ဒက်စ်ချမ့်အနေနဲ့ သူတို့နှစ်ဦးရဲ့နေရာမှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီနဲ့ စပါးကွင်းလယ်လူ ဆစ်ဆိုကိုတို့ကို အစားထိုး ရွေးချယ်ခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာ နယ်သာလန်နဲ့ ကစားဖို့ရှိပြီး နိုဝင်ဘာ ၂၀ ရက်မှာ ဥရုဂွေးနဲ့ ခြေစမ်းဖို့ ရှိနေပါတယ်။
2 years Ago