ပြင်သစ်အလှမယ်ရရှိ (ရုပ်သံ)

January 30, 2017

မယ်စကြာဝဠာ ၂၀၁၆ ပြင်သစ်အလှမယ်ရရှိ (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီကနေ့ နောက်ဆုံးကျင်းပတဲ့ မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲမှာ မယ်စကြာဝဠာဆုကို ပြင်သစ်နိုင်ငံသူ အသက် ၂၄ နှစ်အရွယ် အလှမယ် အိုင်းရစ္စ မစ်တဲန်နေးက ဆွတ်ခူးရရှိသွားပါတယ်။ ဒီပြိုင်ပွဲဟာ ၆၅ ကြိမ်မြောက်ကျင်းပတဲ့ မယ်စကြာဝဠာပြိုင်ပွဲဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာတော့ တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပါ။ အိုင်းရစ္စ မစ်တဲန်နေးဟာ ပဲရစ္စမြို့မှဖြစ်ကာ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ ရရှိထားသူတဦး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ကမ္ဘာတလွှားမှ အလှမယ် ၈၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ ဟေတီအလှမယ် ရာကွဲလ် ပဲလစ်ဆီရာနဲ့ ကိုလံဘီယာအလှမယ် အဲန်ဒရေယာ တိုဗာတို့က First Runner-up နဲ့ Second Runner-up ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။
5 years Ago
Up