ပြင်သစ်အဖွားအို

A d v e r t i s e m e n t With Us

March 16, 2016

နှစ် ၃၀ ကြာမှ ဒေါက်တာဘွဲ့ရသည့် အသက် ၉၁ နှစ်အရွယ် ပြင်သစ်အဖွားအို

ပြင်သစ်နိုင်ငံမှ အသက် ၉၁ နှစ်အရွယ် အဖွားအိုတဦးဟာ ကျမ်းပြုသုတေသန လုပ်ငန်းတွေကို လုပ်ခဲ့အပြီး နှစ်ပေါင်း ၃၀ အကြာမှာ ဒေါက်တာဘွဲ့ရရှိသူ ဖြစ်လာတယ်လို့ သည်ဂါးဒီယန်းသတင်းမှာ ဖော်ပြပါတယ်။ ကူးလက်ဗူးလီ အမည်ရတဲ့ အဲဒီအဖွားအိုဟာ ပြင်သစ်နိုင်ငံအရှေ့ပိုင်း၊ ဘီဆွန်းကွန်မြို့၊ ဖွန့်ရှ်ကွန်းတီတက္ကသိုလ်မှ မတ်လ ၁၅ ရက်နေ့မှာ စာတမ်းကြီးကြပ်သူတွေရဲ့ အတည်ပြုချက်ရယူပြီး ဘွဲ့ရရှိခဲ့တာပါ။ သူ့ရဲ့စာတမ်းနာမည်က “၂၀ ရာစု ဒုတိယပိုင်းကာလ ဘီဆွန်းကွန်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ” ဖြစ်ပြီး အဲဒီမြို့မှာ သူကိုယ်တိုင် စာတတ်မြောက်ရေး အစီအစဉ်နဲ့ ဆရာမတဦးအဖြစ် နေထိုင်ခဲ့တဲ့ အတွေ့အကြုံပေါ် အခြေခံပြီး ပြုစုခဲ့တာလို့ ဆိုပါတယ်။ သူဟာ ၁၉၈၃ ခုနှစ် တာဝန်ကနေ အနားယူလိုက်ပြီးနောက်မှာမှ ဒေါက်တာဘွဲ့ယူ စာတမ်းအတွက် စိတ်ဝင်စားခဲ့တာလို့ ပြောပါတယ်။ သာမန်အားဖြင့်တော့ ပြင်သစ်နိုင်ငံမှာ ဒေါက်တာဘွဲ့ယူ စာတမ်းအတွက် သုံးနှစ်သာ ကြာမြင့်တဲ့အတွက် ဗူးလီကတော့ တမူထူးခြားတဲ့ ကျောင်းသူတဦး ဖြစ်လာတယ်လို့ သူ့ရဲ့ ကျမ်းကြီးကြပ်သူ ပါမောက္ခ ဆက်ခ်ျရွန်မူက ပြောပါတယ်။ “သူဟာ ဖြစ်ရပ်တခုချင်းကို ရှုထောင့်တွေ အားလုံးကနေ ဇာတ်အိမ်ဖွဲ့ ပြောပြနိုင်တဲ့ တဦးတည်းသောသူပါပဲ။ (ဖြစ်ပျက်ခဲ့တဲ့) အရာအားလုံးကို သူနဲ့အတူ တပါတည်း ရက်လုပ်သွားနိုင်တယ်။ စာရင်းအင်းဆိုင်ရာ ဆန်းစစ်မှုတွေနဲ့အတူ နောက်ကြောင်းပြန်ခဲ့သူပါပဲ။”
5 years Ago
Up