ပြင်သစ်သမ္မတ ပြော

May 26, 2018

ဥရောပနှင့်ပိုမိုနီးကပ်သည့် ဆက်ဆံရေးတိုးမြှင့်ရန် ရုရှားကို ပြင်သစ်သမ္မတ ပြော

ရုရှားဟာ ဥရောပနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေး ရှိရမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက မေ ၂၅ ရက် မှာ ပြောလိုက်ပါတယ်။ ဥရောပနဲ့ ပိုခိုင်မာတဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့လည်း ရုရှားကို ဆော်သြလိုက်ပါတယ်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ကို သွားရောက်လည်ပတ်ချိန်မှာ ထုတ်လွှင့်တဲ့ ရုပ်သံ လူတွေ့မေးမြန်းခန်းမှာ ခုလို ပြောလိုက်တာပါ။ ပူတင်ဟာ ရုရှားနဲ့ ဥရောပကြား ဆက်ဆံရေးအပေါ် ဗျူဟာမြောက် အမြင်ရှိတယ်လို့ မက်ခွန်းက ပြောပါတယ်။ ယူကရိန်းမှာ တိုးတက်မှုမရှိရင် ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုကို ဥရောပသမဂ္ဂက ဖယ်ရှားပေးမှာ မဟုတ်ဘူးလို့ အဲဒီနေ့ အစောပိုင်းမှာပဲ မက်ခွန်းက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဥရောပ နိုင်ငံတွေဟာ ၂၀၁၅ ခုနှစ်က ရုရှားအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို သက်တမ်းတိုးဖို့ စဉ်းစားရေး ဇူလိုင်လမှာ အစည်းအဝေး လုပ်မယ်လို့လည်း မက်ခွန်းက ပြောခဲ့ ပါတယ်။ ပူတင်ကတော့ တချို့နိုင်ငံတွေဟာ ပိတ်ဆို့ဒဏ်ခတ်မှုကို ကုန်သွယ်ရေး မူဝါဒအဖြစ် အသုံးချ နေတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
4 years Ago
Up