ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြယ်ပွင့်ကစားသမားတွေကို လိုက်လံခေါ်ယူနေပြီး အခုတကြိမ်မှာလည်း ပြင်သစ်လူငယ်ကြယ်ပွင့် အန်ဘာပေကို လာမယ့်ရာသီအတွက်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
အန်ဘာပေးဟာ မိုနာကိုအသင်းကနေ ပေါင်သန်း ၁၆၀ နဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့တာဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အမှန်တကယ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အစောပိုင်းခေါ်ယူထားတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက်ထက် ပြောင်းရွှေ့ကြေး ပိုများဖို့ ရှိနေပါတယ်။
အသက် ၂၀ အရွယ်သာ ရှိသေးပြီး ကမ္ဘာ့ဖလားလည်း ရရှိထားတဲ့ အန်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက်လည်း ပြီးခဲ့တဲ့ရာသီက ပွဲတိုင်းလိုလို ခြေစွမ်းပြထားနိုင်ပါတယ်။
အန်ဘာပေဟာ ပြိုင်ပွဲစုံ ၈၇ ပွဲကစားထားပေမယ့် သွင်းဂိုး ၆၀ ထိရှိထားပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းက ကစားသမားတွေဟာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေပြီးတော့ အဲဒီကစားသမားတွေထဲမှာ နေမာလည်း ပါဝင်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဥရောပချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် ၁၆ သင်း အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီးတော့ ကစားသမားတွေဟာလည်း စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။
2 years Ago