ပြင်သစ်လိဂ် အာမြန်းနှင့် လိုင်လီပွဲတွင် ပွဲကြည့်စင် အကာအရံပြိုကျ၊ လူ ၂၀ ခန့် ဒဏ်ရာရ

October 2, 2017

ပြင်သစ်လိဂ် အာမြန်းနှင့် လိုင်လီပွဲတွင် ပွဲကြည့်စင် အကာအရံပြိုကျ၊ လူ ၂၀ ခန့် ဒဏ်ရာရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က ပြင်သစ်လီဂူး အမှတ်ပေးလိဂ်ပွဲစဉ်က အာမြန်းနဲ့ လိုင်လီပွဲစဉ်မှာ ပွဲကြည့်စင်က အကာအရံတခု ပြိုကျလို့ အနည်းဆုံး လူ ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတယ်လို့ ပြင်သစ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ အိမ်ရှင် အာမြန်းအသင်းဘက်ကို လိုင်လီက တဂိုးသွင်းပြီးလို့ ပရိသတ်တွေ အောင်ပွဲခံရာကနေ အကာအရံတွေ ပြိုကျခဲ့တာပါ။ အခုဖြစ်ရပ်ကြောင့် ဘောလုံးပွဲကို ရပ်ဆိုင်းခဲ့ရသလို ပွဲစဉ်တွေ ပြန်လည်ကစားဖို့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကလည်း ပြင်သစ်ဖလားပြိုင်ပွဲမှာ ပရိသတ်ပွဲကြည့်စင် ပြိုကျလို့ လူ ၁၈ ဦး အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။
4 years Ago
Up