ပီအက်စ်ဂျီအသင်းအနေနဲ့ ပြင်သစ် လိဂ်အမှတ်ပေးလိဂ် ပွဲစဉ်မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို တင်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာလိမ့်မယ်လို့ အသင်းခေါင်းဆောင် တီယာဂို ဆေးဗါးက ပြောဆိုလိုက်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံး ကစားတဲ့ မာဆေးနဲ့ပွဲမှာ အနိုင်ရပြီး အမှတ်ပေးလိဂ် ချန်ပီယံဆုကို ၄ ကြိမ် ဆက်တိုက် ရယူဖို့ နီးစပ်နေပါတယ်။ လေလောဆယ်မှာ ပီအက်စ်ဂျီမှာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ဒုတိယနေရာက အသင်းကို ၂၄ မှတ် ဖြတ်ထားပါတယ်။ ဒါ့အပြင် ကစားထားတဲ့ ပြင်သစ်လီဂူး အမှတ်ပေးလိဂ်မှာလည်း ၂၅ပွဲ မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကိုလည်း တင်ထားပါတယ်။
ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလိုပဲ ဒီနှစ်မှာလည်း ပြင်သစ်မှာ ဆုဖလားတွေ သိမ်းကျုံးယူနိုင်ဖို့ နီးစပ်နေပါတယ်။ နောက်တပတ်ထဲ မှာတော့ ပီအက်စ်ဂျီဟာ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။
5 years Ago