ပြင်သစ်ရွက်လှေသမား

January 23, 2019

ပြင်သစ်ရွက်လှေသမားအဖွဲ့ အီကွေတာ တပတ်ပတ်ပြီး စံချိန်သစ်တင်

ပြင်သစ်ရွက်လှေသမား ယန်ဂီရှာ့နဲ့အဖွဲ့ဟာ ရွက်လှေနဲ့ အီကွေတာ တပတ်ပတ်ပြီး စံချိန်သစ် တင်ခဲ့ပါတယ်။ ယန်ဂီရှာ့နဲ့ အဖွဲ့သားတွေဟာ ဇန်နဝါရီ ၂၁ ရက်နေ့က Spindrift ရွက်လှေပေါ်မှာ အီကွေတာပတ်တဲ့ စံချိန်တင်ပြီး အောင်ပွဲခံနေကြတာပါ။ သူတို့ရွက်လှေဟာ ဇန်နဝါရီ ၁၆ ရက်နေ့က အတ္တလန္တိတ် သမုဒ္ဒရာအတွင်းရှိ ယူရှောင့်ကျွန်းကနေ စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ မထွက်ခင်က အီကွေတာကို ၅ ရက် ဒါမှမဟုတ် ၅ ရက်အောက်လျော့ ပတ်မယ်ဆိုပြီး တွက်ထားတာပါ။ ကျနော်တို့ ၄ ရက် နာရီ ၂၀ နဲ့ လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ ၃ နှစ်က စံချိန်ထက် ၂ နာရီနီးပါး လျော့ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ဒါက မလွယ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်က လမ်းမှာ စက်တခါပဲ ပျက်တယ်။ ဒီတခေါက်တော့ ဆယ်ခါပျက်တယ်။ ကျနော်တို့ လှေကို ခဲရာခဲဆစ် တွန်းပြီးတော့မှ အားလုံး အဆင်ပြေသွားတာပါ” လို့ ရွက်လှေကပ္ပတိန် ယန်ဂီရှာ့က ပြောပါတယ်။ ၂၀၁၇ ခုနှစ်က ဖရွန်စစ် ယွဲယွန်ဟာ ကမ္ဘာကို ရက်ပေါင်း ၄၀၊ ၂၃ နာရီ ၃၀ မိနစ်နဲ့ ပတ်ပြီး စံချိန်တင်ခဲ့ပါတယ်။ အဲဒီတုန်းက အခု စံချိန်သစ်တင်ခဲ့တဲ့ အကွာအဝေးကို ၂၃ နာရီနဲ့ ရွက်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု Spindrift ရွက်လှေဟာ အဲဒီအချိန်ထက်စောပြီး စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up