ပြင်သစ်ရွက်လှေစီးသမားကို ပင်လယ်ပြင်မှ ကယ်တင်

A d v e r t i s e m e n t With Us

May 17, 2016

ပြင်သစ်ရွက်လှေစီးသမားကို ပင်လယ်ပြင်မှ ကယ်တင် (ရုပ်သံ)

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က နယူးဂျာဆီပြည်နယ်ထဲက ကမ်းခြေတခုမှာ ပြင်သစ် ရွက်လှေစီးသမားတဦးကို မေလ ၁၅ ရက်နေ့က ကယ်တင်ခဲ့ပါတယ်။ အတ္တလန္တစ်မြို့ ကမ်းခြေကနေ မိုင် ၉၀ အကွာ ပင်လယ်ပြင်မှာ ရွက်လှေပျက်စီးပြီး နစ်မြုပ်တော့မယ့် အနေအထားမှာ ကယ်တင်နိုင်ခဲ့တာလို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့က ပြင်သစ်အမျိုးသားကို ရေပြင်ကနေ ရဟတ်ယာဉ်ပေါ် ဆွဲတင်နေတဲ့ ဗွီဒီယိုမှတ်တမ်းကို အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ ပြင်သစ်အမျိုးသားဟာ နယူးယော့ခ်ကနေ ဗြိတိန်ကို ရွက်လွှင့်ဖို့ ကြိုးစားတာလို့ ဒေသ သတင်းတွေက ဆိုပါတယ်။ မစ်ချီဂန်ပြည်နယ်မှာရှိတဲ့ အီးရီရေကန်မှာလည်း စက်လှေမှောက်ပြီး နစ်မြုပ်နေတဲ့ လူ ၃ ဦးကို ကယ်တင်ခဲ့ရတယ်လို့ နယ်ခံ ကမ်ခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
5 years Ago
Up