ပြင်သစ်ရဲများ တရားရေးဝန်ကြီးဌာနကို ဆန္ဒပြ

A d v e r t i s e m e n t With Us

October 15, 2015

ပြင်သစ်ရဲများ တရားရေးဝန်ကြီးဌာနကို ဆန္ဒပြ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီက တရားရေးဝန်ကြီးဌာန အပြင်မှာ ထောင်နဲ့ချီတဲ့ ရဲတွေ ဆန္ဒပြနေတာ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ရတာပါ။ ဆယ်စုနှစ်တွေအတွင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ရဲတွေက သူတို့ရဲ့ နေ့စဉ်ဥပဒေအာဏာတည်ရေးအလုပ်မှာ တရားရေးဌာနရဲ့ လုံလောက်တဲ့ ထောက်ပံ့မှု မရှိဘူးလို့ သူတို့က ပြောပါတယ်။ ဒါ့အပြင် အရင်းအမြစ် ကင်းမဲ့မှုအတွက်ကိုလည်း ရှုတ်ချလိုက်ပါတယ်။ အရင်သီတင်းပတ်က ထောင်အပြင်ဘုတ် ထွက်ခွင့်ရတဲ့ အကျဉ်းသားတယောက်က ရဲတယောက်ကို ပစ်ခတ်ခဲ့လို့ ဒဏ်ရာအကြီးအကျယ် ရအပြီး ခုလို ရဲတွေ မကျေနပ်မှု ဖြစ်ခဲ့တာပါ။ ပြင်သစ်နိုင်ငံမှာ ၁၉၈၃ခုနှစ်က ရာဇဝတ် ဂိုဏ်း သားတွေက ရဲ ၂ ယောက်ကို သတ်အပြီး လျော့ရဲမှုနဲ့ စွပ်စွဲပြီး ရဲတွေ ဆန္ဒပြတာ ခံခဲ့ရဖူးပါတယ်။ ရာဇဝတ်သားကို ထောင်ပြင် ထွက်ခွင့်ပြု တာနဲ့ သံသယရှိသူတွေကို တရားခွင်ကနေ လွှတ်ပေးလိုက်တာ တွေအတွက် ရဲတွေက တရားစီရင်ရေးဌာနကို ဘယ်လိုမှ နားမလည်တော့ဘူးလို့ ဆိုပါတယ်။ ဒီအရေးတွေက ရဲတွေရဲ့ စိတ်ပျက်မှုကို မီးထိုး ပေးခဲ့တာပါ။ ဇန်နဝါရီလက ပါရီမြို့ တိုက်ခိုက်မှုတွေအပြီး လုံခြုံရေး အစီအစဉ်ကို တင်းတင်းကျပ်ကျပ် အကောင်အထည် ဖော်အပြီး ရဲတွေ မကျေနပ်မှုနဲ့ စိတ်ပျက်မှု ပိုအရှိန်မြင့်လာခဲ့ ပါတယ်။
5 years Ago
Up