ပြင်သစ်ရဲများက တားမြစ်ရေကူးဝတ်စုံဝတ် မွတ်စလင်အမျိုးသမီးကို အတင်းအကျပ် ချွတ်ခိုင်း (ရုပ်သံ)

A d v e r t i s e m e n t With Us

August 25, 2016

ပြင်သစ်ရဲများက တားမြစ်ရေကူးဝတ်စုံဝတ် မွတ်စလင်အမျိုးသမီးကို အတင်းအကျပ် ချွတ်ခိုင်း (ရုပ်သံ)

မွတ်စလင်အမျိုးသမီးများ ၀တ်သည့် ရေကူးဝတ်စုံ (burkini) ကို တားမြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံ ကမ်းခြေတခုမှာ အမျိုးသမီးတဦးကို အတင်းအကျပ် အ၀တ်အစား ချွတ်ခိုင်းနေတဲ့ ဓာတ်ပုံ ထွက်ပေါ်လာပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် မွတ်စလင်အမျိုးသမီးတွေ ၀တ်ဆင်တဲ့ ဘာကီနီကို ပြင်သစ်နိုင်ငံ  ၁၅ မြို့မှာ တာဝန်ရှိသူတွေက အငြင်းပွားဖွယ် ပိတ်ပစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သြဂုတ် ၂၃ ရက် နန့် ကမ်းခြေမှာ အမျိုးသမီးတဦးဘေးမှာ ရဲတပ်ဖွဲ့ဝင်တွေက  ရပ်တန့်ပြီး အ၀တ်အစားတွေ ချွတ်ခိုင်းနေတဲ့ ဓာတ်ပုံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကလေး ၂ ယောက်မိခင် အမျိုးသမီးကို သင့်တင့်လျောက်ပတ်ခြင်းမရှိတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ခဲ့တဲ့ အတွက် ဒဏ်ငွေရိုက်ခဲ့ပါတယ်။ ကမ်းခြေဘေးမှာ မိသားစုနဲ့ ထိုင်နေတာဖြစ်ပြီး ရေကူးဖို့အတွက် စိတ်ကူးမရှိဘူးလို့ ဒဏ်ငွေရိုက်ခံရတဲ့ အမျိုးသမီးက ပြောပါတယ်။ တချို့လူတွေက ဒီဖြစ်ရပ်ကို ချီးကျူးကြသလို တချို့ကတော့ ရဲတွေကို ထွက်သွားခိုင်းနေပြီး ကလေးတွေကတော့ ငိုယိုနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ နန့်ကမ်းခြေဟာ မွတ်စလင်အမျိုးသမီးတွေ ဘာကီနီဝတ်စုံ ၀တ်တာကို နောက်ဆုံး တားမြစ်ခဲ့တဲ့ ပြင်သစ်မြို့လည်း ဖြစ်ပါတယ်။
5 years Ago
Up