ပြင်သစ်ပိုင် နယူးကာလေဒိုနီးယားတွင် ရုတ်တရက်ရေကြီးပြီး မြေပြို၊ အနည်းဆုံး လူ ၄ ဦးသေဆုံး

November 25, 2016

ပြင်သစ်ပိုင် နယူးကာလေဒိုနီးယားတွင် ရုတ်တရက်ရေကြီးပြီး မြေပြို၊ အနည်းဆုံး လူ ၄ ဦးသေဆုံး (ရုပ်သံ)

ပစိဖိတ်သမုဒ္ဒရာထဲက ပြင်သစ်ရဲ့ ပိုင်နက်အစိတ်အပိုင်းဖြစ်တဲ့ နယူးကာလေဒိုနီးယားမှာ နိုဝင်ဘာ ၂၂ ရက်က ရုတ်တရက်ရေကြီးပြီး မြေပြိုခဲ့လို့ ကလေး ၂ ဦး အပါအဝင် အနည်းဆုံး လူ ၄ ဦး သေဆုံးတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ လူ ၄ ဦး ပျောက်နေပြီး တခြားလူ ၆ ဦး ဒဏ်ရာရတယ်လို့လည်း ဆက်ပြောပါတယ်။ ဒေသခံတွေရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်မှာ မျှဝေနေတဲ့ ရုပ်သံထဲမှာ ရေစီးကြောင့် တံတားတစီး မျောပါပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်နေပုံကို ပြထားပါတယ်။ ဒီဒေသမှာ ကမ္ဘာ့ နီကယ်သတ္တုသိုက်ရဲ့ လေးပုံတပုံ ရှိနေပါတယ်။
6 years Ago
Up