ပြင်သစ်တွင် နှင်းလျှောစီးပါတီလုပ်စဉ် နှင်းထုပြိုကျမှုကြောင့် လူ ၄ ဦးသေဆုံး

February 14, 2017

ပြင်သစ်တွင် နှင်းလျှောစီးပါတီလုပ်စဉ် နှင်းထုပြိုကျမှုကြောင့် လူ ၄ ဦးသေဆုံး

ပြင်သစ်နိုင်ငံက လူကြိုက်များတဲ့ နှင်းလျှောစီးမြို့ ချီညာမှာ နှင်းထုပြိုကျမှုကြောင့် လူ ၄ ဦး သေဆုံးတယ်လို့ ဒေသခံအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေဆဲ တခြားလူ ၅ ဦးဆီကို ရောက်ဖို့ ကြိုးစားနေဆဲပါ။ လူ ၉ ဦးပါတဲ့ လျှောစီးပါတီလုပ်နေတုန်း နှင်းထုပြိုကျမှုကြောင့် တောင်စောင်းမှာ သူတို့ကို တိုက်စားသွားခဲ့တာပါ။ ရှင်သန်ကျန်ရစ်သူတွေကို အရေးပေါ်ဌာနက ရှာနေဆဲလို့ အာဏာပိုင်တွေက ပြောပါတယ်။ ကျောင်းတွေမှာ နှစ်ဝက် အားလပ်ချိန်အတွင်း အပန်းဖြေစခန်းတွေဆီ မိသားစုတွေ စုပုံရောက်လာတာဖြစ်လို့ လူစည်ကားနေချိန်မှာ ခုလို မတော်တဆ ဖြစ်ခဲ့တာပါ။
4 years Ago
Up