ပြင်သစ်တွင် ကျောင်းကားနှင့် လော်ရီကား မတော်တဆဖြစ်၊ ၆ ဦးသေဆုံး

A d v e r t i s e m e n t With Us

February 12, 2016

ပြင်သစ်တွင် ကျောင်းကားနှင့် လော်ရီကား မတော်တဆဖြစ်၊ ၆ ဦးသေဆုံး

ပြင်သစ်နိုင်ငံ အနောက်ပိုင်းမှာ ကျောင်းသားတွေစီးလာတဲ့ ဘတ်စ်ကားနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး လော်ရီကားက သံပိုင်းနဲ့ မတော်တဆ တိုက်မှုဖြစ်ခဲ့လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အထက်တန်း ကျောင်းသား ၆ ဦး သေဆုံးပါတယ်။ ကား ၂ စီး မျက်နှာချင်းဆိုင် မောင်းလာနေချိန်မှာ လော်ရီကား ဘေးကာက ပွင့်ကျခဲ့ပြီး ဘတ်စ်ကားရဲ့ ဘေးတလျှောက် စုတ်ဖြဲသလို ဖြစ်ခဲ့ပါတယ်။ မတော်တဆဖြစ်ချိန်မှာ ယာဉ်မောင်း ၂ ဦးလုံး အရက်နဲ့ မူးယစ်ဆေးဝါး သောက်သုံးထားမှု မရှိဘူးလို့ ပထမပိုင်း စမ်းသပ်မှုတွေက ပြထားပါတယ်။ ဘတ်စ်ကားပေါ်မှာ အထက်တန်း ကျောင်းသား ၁၅ ဦးနဲ့ ယာဉ်မောင်း ၂ ဦး ပါပါတယ်။ ရဲတွေကတော့ လော်ရီကားရဲ့ ဘေးကာက ဘယ်လိုဖြစ်ပြီး ချောင်ထွက် ပြုတ်ကျရလဲ ဆိုတာ စုံစမ်းစစ်ဆေး နေပါတယ်။
5 years Ago
Up