ပြင်သစ်တွင် အမျိုးသမီး ၂ ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူအား အသေပစ်ခတ်ဖမ်းဆီး

October 2, 2017

ပြင်သစ်တွင် အမျိုးသမီး ၂ ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူအား အသေပစ်ခတ်ဖမ်းဆီး

ပြင်သစ်တောင်ပိုင်း မာဆေးဆိပ်ကမ်းမြို့မှာ အောက်တိုဘာ ၁ ရက်နေ့က အမျိုးသမီး ၂ ဦး ဓားနဲ့ အသေထိုးသတ်ခံရပြီး တိုက်ခိုက်သူကိုတော့ စစ်သားတွေက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုလုပ်ရပ် ဖြစ်ပုံရတယ်လို့ ရဲသတင်းရင်းမြစ်က ရည်ညွှန်းပြောဆိုပါတယ်။ လုံခြုံရေးတပ်တွေ ရောက်မလာခင် အခြေအနေဟာ လုံးဝ ချောက်ချားစရာပဲလို့ တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာမှာ မိသားစုလိုက် ဈေးဆိုင်ထဲ ရှိနေခဲ့တဲ့ အမျိုးသားတဦးက ပြောပါတယ်။ တိုက်ခိုက်သူလို့ သံသယရှိသူဟာ မာဆေးဘူတာထဲက သူ့တိုက်ခိုက်မှုအပြီး အလာဟူ အက္ကဘာလို့ အော်ဟစ်ခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောပါတယ်။ အသက် ၁၇ နှစ်နဲ့ ၂၀ နှစ် အသီးသီးရှိတဲ့ အမျိုးသမီး ၂ ဦးကို မီးဖိုချောင်သုံးဓားနဲ့ တိုက်ခိုက်ခဲ့တယ်၊ တယောက်ရဲ့လည်ပင်းကို ဓားနဲ့လှီးခဲ့ပြီး နောက်တယောက်ကိုတော့ ဗိုက်ကို ဓားနဲ့ထိုးခဲ့တာလို့ မျက်မြင်သက်သေရော ရဲသတင်းရင်းမြစ်ကပါ ပြောခဲ့ပါတယ်။
4 years Ago
Up