ပြင်သစ်တွင် ဆယ်ကျော်သက်တဦးက

March 17, 2017

ပြင်သစ်တွင် ဆယ်ကျော်သက်တဦးက အထက်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက်

ပြင်သစ် နိုင်ငံတောင်ပိုင်း ဂါ့စ်မြို့မှာ လက်နက်ကိုင် ဆယ်ကျော်သက် တဦးက အထက်တန်းကျောင်း တကျောင်းကို မတ် ၁၆ ရက်နေ့က ပစ်ခတ်ခဲ့လို့ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ တွတ်ခ်ဗီလာ အထက်တန်းကျောင်းက အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦးက အဆောက်အဦကို စီးနင်းခဲ့ပြီး ကျောင်းအုပ်ကြီးကို သေနတ်နဲ့ ပစ်ခဲ့တာပါ။ ကျောင်းအုပ်ကြီးနဲ့ ကျောင်းသား ၃ ဦးတို့ ဒဏ်ရာရပြီး တခြားလူတွေကတော့ ကြောက်လန့်တကြား ပြေးလွှားရင်း ဒဏ်ရာရတာပါ။ တိုက်ခိုက်မှုအပြီး တိုက်ခိုက်သူကို ရဲတွေက ဖမ်းခဲ့ပါတယ်။ သူ ဘယ်သူဘယ်ဝါ ဆိုတာကို ထောက်လှမ်းရေးက မသိသေးပါဘူး။ ကနဦး စုံစမ်းမှုအရ တိုက်ခိုက်မှု မတိုင်ခင်က တိုက်ခိုက်သူလို့ သံသယရှိသူဟာ အမေရိကန် နိုင်ငံထဲက ပစ်ခတ်မှု ရုပ်သံတွေကို ကြည့်ခဲ့တာ သိရပါတယ်။ သူဟာ ၁၉၉၉ ခုနှစ်က ကိုလံဘီယာ အထက်တန်းကျောင်း ပစ်ခတ်မှုကို ဖန်တီးသူ လူ ၂ ဦးရဲ့ ဓာတ်ပုံကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က တွစ်တာ လူမှုကွန်ယက်ပေါ် တင်ခဲ့ပါသေးတယ်။ ကိုလံဘီယာ အထက်တန်းကျောင်း ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့တာပါ။ ဒေသန္တရ အုပ်ချုပ်ရေးမှူးတွေက ဒီမတော်တဆမှုဟာ အကြမ်းဖက်သမားရဲ့ တိုက်ခိုက်မှုအဖြစ် မယူဆကြပါဘူး။ ဒေသခံ ရဲတွေကတော့ ဒေသခံတွေကို အိမ်ထဲမှာ နေကြဖို့နဲ့ ဒုတိယမြောက် သံသယရှိသူကို ရှာဖို့ စစ်ဆင်ရေးတွေ လုပ်နေတယ်လို့ တွစ်တာ လူမှုကွန်ရက်ကနေ အကြံပေးထားပါတယ်။
5 years Ago
Up