ပြင်သစ်ဇနီးမောင်နှံ

June 27, 2018

အိမ်အကူကို သတ်ဖြတ်ခဲ့သည့် ပြင်သစ်ဇနီးမောင်နှံအား ထောင်ဒဏ် တသက်တကျွန်း ချမှတ်

အိမ်အကူအမျိုးသမီးကို သတ်ဖြတ်ခဲ့တဲ့ ပြင်သစ်ဇနီးမောင်နှံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တရားရုံးတခုက ဇွန်လ ၂၆ ရက်နေ့မှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ လန်ဒန်မှာနေထိုင်တဲ့ ပြင်သစ်ဇနီးမောင်နှံ ဆာဘရီနာကွီဒယ်နဲ့ ဝီဆယ်မယ်ဒိုနီတို့ဟာ ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့နေအိမ်မှာ အလုပ်လုပ်နေတဲ့ ဆိုဖီလွန်းနဲဆိုသူ အသက် ၂၁ နှစ်အရွယ် မိန်းကလေးကို လပေါင်းများစွာ နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့တာပါ။ အဲဒီနောက် အိမ်နောက်ဖေးက ဥယျဉ်ထဲမှာ အလောင်းကို မီးရှို့ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ လန်ဒန်မြို့ အိုးဘေလီတရားရုံးက ပြစ်မှုကျူးလွန်သူ အိမ်ရှင်ဇနီးမောင်နှံကို တနှစ်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် အနည်းဆုံး ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။
3 years Ago
Up