ပြင်သစ်စစ်သား

March 30, 2018

အပြေးလေ့ကျင့်နေသည့် ပြင်သစ်စစ်သားများကို ကားဖြင့်တိုက်သူအား ဖမ်းဆီး

ပြင်သစ်နိုင်ငံက အဲ့လ်ပ်စ်တောင်ခြေ စစ်တပ်အခြေစိုက်စခန်း အပြင်မှာ အပြေးလေ့ကျင့်နေတဲ့ စစ်သားတစုကို ခိုးလာတဲ့ကားနဲ့ မောင်းတိုက်ခဲ့တယ်လို့ သံသယရှိတဲ့ အမျိုးသားတယောက်ကို ပြင်သစ်ရဲတွေက မတ်လ ၂၉ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ “ကားမောင်းသမားဟာ ပထမတော့ အာရပ်ဘာသာစကားနဲ့ အော်ဟစ်ဆဲရေးရင်း ကားမောင်း ကျော်တက်သွားခဲ့တယ်။ အဲဒီနောက် ပြန်ကွေ့လာပြီး သူတို့ကို ကားနဲ့တိုက်ဖို့ ကြိုးစားခဲ့တာ” လို့ စစ်သားတွေက ရဲတွေကို ပြောခဲ့ကြောင်း စစ်တပ်ပြောခွင့်ရက ရိုက်တာသတင်းဌာနကို ရှင်းပြပါတယ်။ ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရသူ မရှိပါဘူး။ သံသယရှိခံရသူ ကားမောင်းသမားကို အခင်းဖြစ်ရာ နေရာကနေ ၉ မိုင် အကွာမှာ ခိုးလာတဲ့ ကားနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ တမင်လုပ်ဆောင်တယ်လို့ အတည်ပြုနိုင်ခဲ့ရင် ဒီဖြစ်ရပ်ဟာ ပြင်သစ်မှာ ပထမဆုံးဖြစ်ရပ် မဟုတ်ပါဘူး။ သြဂုတ်လက အမျိုးသားတဦးဟာ ပါရီမြို့တော် ဆင်ခြေဖုံးမှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို ကားနဲ့ တမင်သက်သက် ဝင်တိုက်ခဲ့လို့ ရဲက သူ့ကို ပစ်ခတ် ဖမ်းဆီးခဲ့ရဖူးပါတယ်။
3 years Ago
Up