ပြင်သစ်ဂီတပွဲတော်တွင်

September 3, 2017

ပြင်သစ်ဂီတပွဲတော်တွင် မိုးကြိုးပစ်၊ လူ ၁၅ ဦး ဒဏ်ရာရ

ပြင်သစ်အရှေ့မြောက်ပိုင်းမှာ ကျင်းပနေတဲ့ ဂီတပွဲတော်မှာ မိုးကြိုးပစ်လို့ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ Azerailles မြို့မှာ ကျင်းပတဲ့ Vieux Canal ပွဲတော်ရဲ့ နေရာတော်တော်များများမှာ မိုးကြိုးပစ်ခဲ့တာလို့ ဒေသဆိုင်ရာကောင်စီက သတင်းထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်ကာ မိုးကြိုးပစ်ခဲ့တာဖြစ်ပြီး မိုးကြိုးပစ်ခံရသူတွေက တိုက်ရိုက်ထိမှန်ခံခဲ့ရတာဖြစ်ပြီး မီးလောင်ဒဏ်ရာတွေ ခံစားရတယ်လို့ ဒေသဆိုင်ရာ ကောင်စီက ပြောပါတယ်။ ကလေး ၂ ဦးအပါအဝင် ဒဏ်ရာရရှိသူတွေကို ရွက်ဖျင်တဲထဲမှာထားရှိပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးနဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတို့ မိုးကြိုးပစ်ခတ်ခံရတဲ့ဒဏ်ကြောင့် ဒဏ်ရာအပြင်းအထန် ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ပြင်သစ်နိုင်ငံရဲ့နေရာတွေမှာ နှစ်တနှစ်ရဲ့ ဒီလိုအချိန်ဆို ဆိုးရွားတဲ့ မုန်တိုင်း တိုက်ခတ်လေ့ရှိပြီး အခုမိုးကြိုးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေကို နီးစပ်ရာဆေးရုံ မပို့ခင် ပွဲတော်ရဲ့ အရေးပေါ်ဆေးတပ်အဖွဲ့က ဆေးဝါးကုသ ပေးထားတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ခဲ့လို့ စက်တင်ဘာ ၂ ရက်နေ့မှာ ကျင်းပတဲ့ ပွဲတော် သရုပ်ပြမှုတွေ၊ ဘလက်ဘုန်း ပေါ့ဂီတအဖွဲ့အပါအဝင် တေးဂီတ ဖြေဖျော်မှုတွေကို ဖျက်သိမ်းလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up