ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ နယ်စပ်နားက ကောကွတ်ကျွန်းပေါ်မှာ ပြင်သစ်ခရီးသည် ၂ ဦးကို လိင်ပိုင်းစော်ကားမှုနဲ့ စွပ်စွဲခံရတဲ့ ကမ္ဘောဒီးယား ငါးဖမ်းသမား ၅ ဦးကို ထိုင်းရဲတွေက ဖမ်းလိုက်တယ်လို့ ဒေသခံ မီဒီယာက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစီရင်ခံပါတယ်။
သူတို့ဟာ တခြား ပြင်သစ်အမျိုးသား ၂ ဦးကိုလည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။
ပြင်သစ်နိုင်ငံသား ၄ ဦးစလုံးဟာ ကမ္ဘာလှည့် ခရီးသွားတွေပါ။
တိုက်ခိုက်မှုအပြီး ပြင်သစ်ခရီးသည် ၁ ဦးက အကူအညီတောင်းဖို့ ထွက်ပြေးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံပါတယ်။
ကျန်တဲ့ ၃ ဦးက ဒဏ်ရာအပြင်းအထန် ရထားလို့ အခုတော့ ဆေးရုံပေါ် ရောက်နေပါပြီ။
ကော့ကွတ်ကျွန်းဟာ ထိုင်းနိုင်ငံ ထရတ်ခရိုင်ထဲမှာရှိပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ ရှိပါတယ်။
5 years Ago