ပြင်သစ်ကူညီ

December 25, 2017

နိုင်ဂျာ အမျိုးသမီးငယ်များ ပညာသင်ကြားရေး ယူရို ၁၀ သန်း ပြင်သစ်ကူညီ

နိုင်ဂျာနိုင်ငံရှိ အမျိုးသမီးငယ်လေးတွေ ပညာသင်ကြားဖို့ နောက်ထပ် ယူရိုငွေ ၁၀ သန်း ကူညီမယ်လို့ ပြင်သစ်သမ္မတ မာခွန်းက ကတိပြုပြောကြားလိုက်ပါတယ်။ ပြင်သစ်သမ္မတ မာခွန်းနဲ့ နိုင်ဂျာသမ္မတ အီဆူဖူ-မာမတ်ဒူတို့ ဒီဇင်ဘာ ၂၃ ရက်က  ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ “နိုဝင်ဘာ ၂၅ ရက်နေ့က မြို့တော် အူရာဂါဒူဂူမှာ ပညာရေးကို ဦးစားပေးမယ်လို့ ကျနော် ကြေညာခဲ့ပါတယ်။ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ့ဖို့ ပြင်သစ်နိုင်ငံဟာ ယူရိုငွ ၁၅ သန်း ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။ နိုင်ဂျာအစိုးရရဲ့ မကြာခင်က ဆုံးဖြတ်လိုက်တဲ့ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီကနေတဆင့် နောက်ထပ် ယူရိုငွေ ၁၀ သန်း ပေးအပ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်။” နိုင်ဂျာသမ္မတ အီဆူဖူ မာမတ်ဒူက “နိုင်ဂျာနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေကို အသက် ၁၆ နှစ်အထိ မသင် မနေရ အခမဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအကျိုျးေကျးဇူးဟာ နှစ်ဆများပါတယ်။ အမျိုးသမီးငယ်လေးတွေ အရွယ်အတိုင်ခင် အိမ်ထောင်ကျတာနဲ့ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရတာကို တားဆီးပြီးသား ဖြစ်သားပါတယ်။ တတိယအကျိုးဆက်က နိုင်ဂျာနိုင်ငံမှာ အထူးလိုအပ်နေတဲ့ ဖွားသေနှုန်း စာရင်းဇယားတွေ ပြုစုရာမှာ အထောက်အပံ့ဖြစ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ ပြင်သစ်သမ္မတက နိုင်ဂျာနိုင်ငံ ဆာဟယ်ဒေသမှာ အာဖရိကန် တပ်ဖွဲ့တွေနဲ့အတူ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့  ပြင်သစ်တပ်ဖွဲ့ဝင်တွေရဲ့ အင်အားကို တိုးမြှင့်ဖို့ အဆင်သင့် ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
3 years Ago
Up