ပြင်သစ်ကလပ်

A d v e r t i s e m e n t With Us

July 22, 2019

အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီယယ်နီ ပြင်သစ်ကလပ်သို့ ပြောင်းရွှေ့ရန် သဘောတူ

အာဆင်နယ်အသင်းခေါင်ဆောင် ကိုစီယယ်နီဟာ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိ နောက်ခံလူ ကိုစီယယ်နီဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့ပေမယ့်လည်း ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ လိုက်ပါဖို့ ငြင်းဆန်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပြီလို့ RMC Sport က ဖော်ပြပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီဟာ ကိုစီယယ်နီကို အသင်းမှာ ဆက်ရှိဖို့အတွက် သုံးကြိမ်အထိ ဖျောင်းဖျပြောဆိုခဲ့ပေမယ့်လည်း လက်မခံခဲ့ဘူးလို့ သိရပါတယ်။ ပြင်သစ်နောက်ခံလူ ကိုစီယယ်နီဟာ ၂၀၁၀ ခုနှစ်က ပြင်သစ်ကလပ် လောရီးယန့် အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ ၉ နှစ်ကြာကာလအတွင်း စုစုပေါင်း ၃၅၃ ပွဲအထိ ကစားပြီး ၂၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။
2 years Ago

May 26, 2019

ပြင်သစ်ကလပ် ပီအက်စ်ဂျီနည်းပြ စာချုပ်သက်တမ်းတိုး

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက လက်ရှိ နည်းပြ တော်မတ်စ် ထာရှော ကို စာချုပ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။ စာချုပ်သစ်ကြောင့် ပီအက်စ်ဂျီ နည်းပြဟာ အသင်းမှာ ၂၀၂၁ ဇွန်လအထိ ရှိနေမှာပါ။ ဂျာမန်လူမျိုး နည်းပြ ထာရှော ဟာ ပြင်သစ်ကလပ်ကို ပြီးခဲ့တဲ့နှစ်မှာ တာဝန်ယူခဲ့တာပါ။ သူဟာ ပထမရာသီမှာပဲ ပီအက်စ်ဂျီကို ပြင်သစ်အမှတ်ပေး ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကွာတားအဆင့်ကနေ လှည့်ပြန်ခဲ့ရသလို ပြင်သစ်ဖလား ဗိုလ်လုပွဲမှာလည်း ရမ်နက်စ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ထာရှော တာဝန်ယူတဲ့ ပထမရာသီမှာ ပြင်သစ်အမှတ်ပေး ချန်ပီယံဆု တခုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
2 years Ago
Up