ပြင်ဆင်နေ

March 31, 2018

စွမ်းအင်ကုမ္ပဏီ အီကိုပက်ထရိုကို ဒဏ်ငွေတပ်ရန် ကိုလံဘီယာအစိုးရ ပြင်ဆင်နေ

  ကိုလံဘီယာ အစိုးရဟာ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီ အီကိုပက်ထရိုကို ဒဏ်ငွေတပ်ဖို့ ပြင်ဆင်နေပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ ကျေးလက်ဒေသ မြစ်တွေထဲကို ရေနံယိုဖိတ်မှုဖြစ်ပြီးနောက် ခုလို ဒဏ်ငွေတပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ရေနံယိုဖိတ်မှုကြောင့် ငါးတွေ သေဆုံးပြီး လူ့အဖွဲ့အစည်းဟာလည်း ရေမရှိဘဲ နေခဲ့ရပါတယ်။ မတ်လအစောပိုင်းက ဘာရန်ကာ ဘာမေဂျာ ဒေသအတွင်း ရေနံတွင်းအမှတ် ၁၅၈ ပျက်စီးခဲ့လို့ ရေနံစိမ်းစည်ပေါင်း ၂၃၀၀၀ ကျော် မက်ဒါလေနာ မြစ်ထဲ ယိုဖိတ်ခဲ့တာပါ။ ရေနံယိုဖိတ်မှုဟာ ၉ မိုင်လောက်ထိ ရှည်လျားခဲ့လို့ လီဇာမာနဲ့ စိုဂါမိုစို မြစ်တွေထဲထိ ရောက်ခဲ့ပါတယ်။ မြစ်တွေထဲက ငါးတွေ သေဆုံးအပြီး မက်ဒါလေနာ မြစ်တလျှောက်က တံငါရွာတွေ ထိခိုက်ခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် အာဏာပိုင်တွေက ဒေသခံ၊ တိရစ္ဆာန်တွေနဲ့ အပင်တွေအပေါ် ရေနံယိုဖိတ်မှုရဲ့ အကျိုးသက်ရောက်မှုကို စစ်ဆေးနေပါတယ်။ သတင်းအချက်အလက် ထိမ်ချန်ထားတာ ရှိရင် ဒဏ်ခတ်မှု ပိုဆိုးမယ်လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြောပါတယ်။ မိသားစုတွေကို ဆေးကုပေးခဲ့ရပြီး ရေကို မသုံးဖို့ သတိပေးခဲ့ရပါတယ်။ အရင်က ဒါမျိုး တခါမှ မဖြစ်ဖူးလို့ ပြင်ဆင်မထားမိဘူးဆိုတာ အသိအမှတ်ပြုသင့်တယ်လို့ အီကိုပက်ထရိုရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒုဥက္ကဋ္ဌက ပြောပါတယ်။ မြစ်တွေ ပြန်လည်အသက်ဝင်ရေးအတွက် သန့်ရှင်းရေးလုပ်မယ်လို့ အီကိုပက်ထရိုက ကတိပြုထားပါတယ်။
4 years Ago

January 13, 2018

ရိုင်ယန်ဂစ်နှင့် ဘယ်လာမီဟာ ဝေးလ်စ်အသင်းကို ကိုင်တွယ်ရန် ပြင်ဆင်နေ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်နဲ့ နာမည်ကြီး တိုက်စစ်မှူးဟောင်းတဦးဖြစ်တဲ့ ခရိတ်ခ်ျဘယ်လာမီဟာ ဝေးလ်စ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဝေးလ်စ်အသင်းအတွက် ၆၄ ပွဲကစားပေးခဲ့တဲ့ ရိုင်ယန်ဂစ်ဟာ နည်းပြရာထူးအတွက် ဘယ်လာမီ၊ အိုစီယန်ရောဘတ်၊ မခ်ဘိုဝင်တို့နဲ့ အတူ အင်တာဗျူးခဲ့တာ ဖြစ်ပြီး နည်းပြရာထူးကို ရယူဖို့အတွက် ထိပ်ဆုံးက နာမည်ကြီးနေခဲ့တာပဲဖြစ်ပါတယ်။ ဝေးလ်စ်အသင်းရဲ့နည်းပြ ခရစ်ကိုးလ်မန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဂစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်ထောက်နည်းပြနဲ့ ကာလတိုနည်းပြ  တာဝန်တို့ကို ရယူခဲ့သူလည်း ဖြစ်ပါတယ်။
4 years Ago
Up