ခြင်္သေ့မလေးနှစ်ကောင်နှင့် လူသားကြားက အံ့ဖွယ် မေတ္တာတရား

August 18, 2017

ခြင်္သေ့မလေးနှစ်ကောင်နှင့် လူသားကြားက အံ့ဖွယ် မေတ္တာတရား (ရုပ်သံ)

မိခင်ခြင်္သေ့မကြီး သေနတ်ကျည်ထိမှန်ခဲ့လို့ မွေးစကတည်းက စွန့်ပစ်ခံခဲ့ရတဲ့ ခြင်္သေ့မလေး ၂ ကောင်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ကယ်ဗင်ရစ်ချာ့ဒ်ဆန်တို့ရဲ့ ဆက်သွယ်မှုကို အံ့အားသင့်ဖွယ် တွေ့ရှိရပါတယ်။ ဒီရုပ်သံထဲမှာ ကယ်ဗင်ကို ခြင်္သေ့မလေး ၂ ကောင်ဖြစ်တဲ့ မက်ဂ်၊ အေမီတို့နဲ့ ရင်းရင်းနှီးနှီး ပွတ်သပ်နေထိုင်နေတာ၊ သူတို့ထဲကတကောင် မြစ်ထဲကူးလာပြီး ကယ်ဗင်က ဖမ်းဆီးလိုက်တဲ့ မြင်ကွင်းကို မြင်ရမှာပါ။ ဂိုးပရိုရုပ်သံက ရိုက်ကူးထားပြီး “ခြင်္သေ့များ၏ ချစ်ခြင်းအတွက်” လို့ အမည်ပေးထားတဲ့ ရုပ်သံက ဒီခြင်္သေ့ပေါက်လေး ၂ ကောင်ကို ရေမြောင်းထဲမှာ ဘယ်အချိန်က ရှာတွေ့ခဲ့တယ်ဆိုတာနဲ့ သူတို့ကို ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာ ရှင်းပြထားပါတယ်။ သူတို့ကို ကယ်ဆယ်ပြီးနောက် ခြင်္သေ့တွေကို ထိန်းသိမ်းတဲ့ အရင်နည်းလမ်းတွေနဲ့မတူဘဲ ကယ်ဗင်က ခြသေ့င်္ပေါက်လေး ၂ ကောင်ကို တခြားတိရစ္ဆာန်တွေနဲ့အတူ သဘာဝတောထဲမှာပဲ ထိန်းသိမ်းထားရှိခဲ့ပါတယ်။ ရုပ်သံထဲမှာ ကယ်ဗင်က “ခြင်္သေ့ပေါက်လေး ၂ ကောင်ကို လှောင်အိမ်ထဲထားမှာ ကျနော် မကြိုက်ဘူး။ ကျနော် သူတို့ကို အရည်အသွေးပြည့်ဝတဲ့ ဘဝမျိုးဆိုတဲ့ နည်းနည်းပိုတဲ့ အခြေအနေမျိုးကို ပေးချင်တယ်။ ဒါကြောင့် ကျနော်အလုပ်လုပ်တဲ့ သဘာဝတောရိုင်း ဥယျာဉ်ရဲ့ နေရာအကျယ်ကြီးထဲမှာ တခြားတိရစ္ဆာန်တွေနဲ့အတူတူ နေခိုင်းလိုက်တာပဲ” လို့ ပြောပါတယ်။ ခြင်္သေ့လေးတွေနဲ့ အချိန်အတူ ကုန်ဆုံးခဲ့ပြီး ခြင်္သေ့လေးတွေ သူ့ကို ယုံကြည်လာအောင် ဘယ်လိုသင်ယူခဲ့ကြတယ်ဆိုတာကိုလည်း ကယ်ဗင်က ရှင်းပြပါတယ်။ "ကျနော်က ခြင်္သေ့မလေးမက်ဂ်ကို ခေါ်တဲ့အချိန် ရေကူးလာပြီး သူ့မျက်နှာကို ကြည့်လိုက်တော့ ငါ နင့်ဆီလာရင် ဖမ်းတော့မှာမဟုတ်လားလို့ ပြောနေတာမျိုး သူ့မျက်နှာပေါ်မှာ မြင်ရတယ်။ ဒါက တကယ့်ကို စကားမပြောတဲ့ ဘာသာစကားပဲ။ သူက ကျနော့်ကိုကြည့်တယ်၊ ကျနော်က သူ့ကိုကြည့်တယ်၊ ပြီးတော့ ကျနော်တို့သိကြတယ်၊ ဒါက ယုံကြည်မှုပဲ” လို့ ကယ်ဗင်က ပြောပါတယ်။ “အကယ်၍ မက်ဂ်နဲ့ အေမီကိုသာ ကျနော် ဘယ်တော့မှ ပြန်မခေါ်ခဲ့ရင် ခြင်္သေ့တွေကို ပစ်ခတ်ဖမ်းဆီးတဲ့ ဈေးကွက်ထဲကို ပုံစံတမျိုးမျိုးနဲ့ ရောက်သွားလိမ့်မယ်လို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်နေတယ်” လို့ ကယ်ဗင်ကပြောကြောင်း မေရာသတင်းမှာ သြဂုတ် ၁၇ ရက်က ဖော်ပြထားပါတယ်။
4 years Ago
Up