းသည်းထန်စွာရွာ

May 3, 2020

နမ့်စန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်၊ သစ်ပင်နှင့်ဓာတ်တိုင်များ ပြိုလဲ

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်မှာ မေ ၂ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ပြုလဲခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ နမ့်စန်မြို့နယ်ရှိ ရပ်ကွက်တွေ၊ အမှတ် ၂ ကျေးရွာ၊ အမှတ် ၄ ကျေးရွာ၊ အမှတ် ၉ ကျေးရွာ၊ နောင်ဟိုမီး၊ ဝမ်းမိန်း၊ မတ်ကျန်း၊ လွယ်ရယ်၊ ကုန်းမဟတ်၊ ညောင်စာ စတဲ့ ကျေးရွာတွေမှာ သစ်ပင်နဲ့ ဓာတ်တိုင်တွေပြိုလဲတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ နမ့်စန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျေးရွာနေပြည်သူတွေနဲ့ ပရဟိတလူမှုရေးအသင်းတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ  ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
12 months Ago
Up