းမူးယစ်ရာဇာ  (ရုပ်သံ)

August 10, 2019

၁၉ နှစ်သမီးဟန်ဆောင်၍ ထောင်ကထွက်ပြေးရန်ကြိုးစားသည့် ဘရာဇီးမူးယစ်ရာဇာ  (ရုပ်သံ)

၁၉ နှစ်သမီးဟန်ဆောင်ပြီး ထောင်ကထွက်ပြေးဖို့ ကြိုးစားတဲ့ ဘရာဇီးနိုင်ငံက မူးယစ်ရာဇာတဦးဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာဘဲ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။  ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးက နာမည်ဆိုးတဲ့ကျော်ကြားတဲ့ ထောင်တခုမှာဖြစ်ပွားခဲ့တာပါ။ ဒီလိုမျိုးရူးကြောင်ကြောင် အကြံစဉ်နဲ့ ထောင်ကထွက်ပြေးဖို့ကြိုးစားခဲ့သူကတော့ အသက် ၄၂ နှစ်အရွယ် မူးယစ်ရာဇာ ကလော်ဒီနို ဒါဆေးလ်ဗား ခေါ် ဘိုင်ရှင်ဟိုဖြစ်ပါတယ်။  သူဟာ Red Command လို့ခေါ်တဲ့ မူးယစ်ဂိုဏ်းတခုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ထောင်ဒဏ် ၇၃ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက ဘိုင်ရှင်ဟိုထံကို သူ့ရဲ့ အသက် ၁၉ နှစ်အရွယ်သမီးဖြစ်သူနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး လာရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာ ဘိုင်ရှင်ဟိုဟာ သူ့သမီးကို ထောင်ထဲမှာ ထားခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးဖွက်ပြီးယူဆောင်လာတဲ့ အဝတ်အစားတွေနဲ့ လူစားလဲကာ ထောင်ကနေ ထွက်ပြေးဖို့ အားထုတ်ခဲ့တာပဲဖြစ်ပါတယ်။  ဘိုင်ရှင်ဟိုဟာ သူ့သမီးမျက်နှာအတိုင်းပြုလုပ်ထားတဲ့ စီလီကွန်မျက်နှာဖုံး၊ ဆံပင်အတုတွေအပြင် ဒိုးနတ်ပုံတွေပါတဲ့ ပန်းရောင်အကျီၤတို့ကို ဝတ်ဆင်ကာ ထောင်ထဲကနေ အောင်မြင်စွာထွက်ခွာလာနိုင်ခဲ့ပြီး အဝင်အထွက်ဂိတ်မှာ သမီးဖြစ်သူရဲ့ မှတ်ပုံတင်ကို တောင်းခံရာကနေ လုံခြုံရေးဝန်ထမ်းတွေကို သံသယဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။  ၁၉ နှစ်သမီးတယောက်လို ရုပ်ဖျက်ထားနိုင်ပေမယ့် တကယ့်တကယ် စကားပြောတဲ့အခါမှာ သူ့အသံက အစောင့်ဝန်ထမ်းတွေကို သံသယဖြစ်စေခဲ့ပြီး ခေါ်ယူစစ်ဆေးခဲ့ရာမှတဆင့် မူးယစ်ရာဇာကြီးရဲ့ လုပ်ဇာတ်တခုလုံး ဗူးပေါ်သလိုပေါ်သွားခဲ့တာပဲဖြစ်ပါတယ်။  သူ့သမီးဟာ သူ့နေရာမှာ ဝင်နေခဲ့ပြီး ကိုယ်ဝန်ဆောင်အယောင်ဆောင်ထားတဲ့ အမျိုးသမီးဖြစ်သူက အဝတ်အစားတွေကို ဖွက်ယူလာခဲ့တာလို့ ထောင်ဝန်ထမ်းတွေက မှတ်ချက်ပြုပါတယ်။  ဘိုင်ရှင်ဟိုကို သတိပြုမိခဲ့ပြီးနောက် ထောင်ဝန်ထမ်းတွေက သူ့ရဲ့ မျက်နှာဖုံးတွေ၊ ဆံပင်အတုတွေကို တခုချင်းချွတ်စေခဲ့ပြီး ဒီဖြစ်စဉ်ကိုလည်း ဖုန်းနဲ့ ရိုက်ကူးမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။  ဒီဗွီဒီယိုဟာလည်း လူမူကွန်ရက်မှာ တော်တော်လေးနာမည်ကြီးနေပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဘိုင်ရှင်ဟိုရဲ့ သမီးဖြစ်သူဟာ ထောင်းသားတွေ ထွက်ပြေးနိုင်ရေး အားပေးကူညီမှုနဲ့ အနည်းဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရဖို့ရှိနေပြီး သူနဲ့ လိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Zawgyi Version ၁၉ ႏွစ္သမီးဟန္ေဆာင္၍ ေထာင္ကထြက္ေျပးရန္ႀကိဳးစားသည့္ ဘရာဇီးမူးယစ္ရာဇာ (႐ုပ္သံ) DVB ၁၉ ႏွစ္သမီးဟန္ေဆာင္ၿပီး ေထာင္ကထြက္ေျပးဖို႔ ႀကိဳးစားတဲ့ ဘရာဇီးႏိုင္ငံက မူးယစ္ရာဇာတဦးဟာ စီစဥ္ထားတဲ့အတိုင္းျဖစ္မလာဘဲ ျပန္လည္ဖမ္းဆီးျခင္းခံခဲ့ရတယ္လို႔ OC သတင္းမွာ ေဖာ္ျပပါတယ္။ ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ ဘရာဇီးႏိုင္ငံ ရီယိုဒီဂ်ေနး႐ိုးက နာမည္ဆိုးတဲ့ေက်ာ္ၾကားတဲ့ ေထာင္တခုမွာျဖစ္ပြားခဲ့တာပါ။ ဒီလိုမ်ိဳး႐ူးေၾကာင္ေၾကာင္ အႀကံစဥ္နဲ႔ ေထာင္ကထြက္ေျပးဖို႔ႀကိဳးစားခဲ့သူကေတာ့ အသက္ ၄၂ ႏွစ္အ႐ြယ္ မူးယစ္ရာဇာ ကေလာ္ဒီႏို ဒါေဆးလ္ဗား ေခၚ ဘိုင္ရွင္ဟိုျဖစ္ပါတယ္။ သူဟာ Red Command လို႔ေခၚတဲ့ မူးယစ္ဂိုဏ္းတခုရဲ႕ ေခါင္းေဆာင္ျဖစ္ၿပီး ေထာင္ဒဏ္ ၇၃ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ေႏွာင္းပိုင္းက ဘိုင္ရွင္ဟိုထံကို သူ႔ရဲ႕ အသက္ ၁၉ ႏွစ္အ႐ြယ္သမီးျဖစ္သူနဲ႔ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတဦး လာေရာက္ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီေနာက္မွာ ဘိုင္ရွင္ဟိုဟာ သူ႔သမီးကို ေထာင္ထဲမွာ ထားခဲ့ၿပီး ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးဖြက္ၿပီးယူေဆာင္လာတဲ့ အဝတ္အစားေတြနဲ႔ လူစားလဲကာ ေထာင္ကေန ထြက္ေျပးဖို႔ အားထုတ္ခဲ့တာပဲျဖစ္ပါတယ္။ ဘိုင္ရွင္ဟိုဟာ သူ႔သမီးမ်က္ႏွာအတိုင္းျပဳလုပ္ထားတဲ့ စီလီကြန္မ်က္ႏွာဖုံး၊ ဆံပင္အတုေတြအျပင္ ဒိုးနတ္ပုံေတြပါတဲ့ ပန္းေရာင္အက်ီတႋု႔ကို ဝတ္ဆင္ကာ ေထာင္ထဲကေန ေအာင္ျမင္စြာထြက္ခြာလာႏိုင္ခဲ့ၿပီး အဝင္အထြက္ဂိတ္မွာ သမီးျဖစ္သူရဲ႕ မွတ္ပုံတင္ကို ေတာင္းခံရာကေန လုံၿခဳံေရးဝန္ထမ္းေတြကို သံသယျဖစ္ေစခဲ့တာပဲျဖစ္ပါတယ္။ ၁၉ ႏွစ္သမီးတေယာက္လို ႐ုပ္ဖ်က္ထားႏိုင္ေပမယ့္ တကယ့္တကယ္ စကားေျပာတဲ့အခါမွာ သူ႔အသံက အေစာင့္ဝန္ထမ္းေတြကို သံသယျဖစ္ေစခဲ့ၿပီး ေခၚယူစစ္ေဆးခဲ့ရာမွတဆင့္ မူးယစ္ရာဇာႀကီးရဲ႕ လုပ္ဇာတ္တခုလုံး ဗူးေပၚသလိုေပၚသြားခဲ့တာပဲျဖစ္ပါတယ္။ သူ႔သမီးဟာ သူ႔ေနရာမွာ ဝင္ေနခဲ့ၿပီး ကိုယ္ဝန္ေဆာင္အေယာင္ေဆာင္ထားတဲ့ အမ်ိဳးသမီးျဖစ္သူက အဝတ္အစားေတြကို ဖြက္ယူလာခဲ့တာလို႔ ေထာင္ဝန္ထမ္းေတြက မွတ္ခ်က္ျပဳပါတယ္။ ဘိုင္ရွင္ဟိုကို သတိျပဳမိခဲ့ၿပီးေနာက္ ေထာင္ဝန္ထမ္းေတြက သူ႔ရဲ႕ မ်က္ႏွာဖုံးေတြ၊ ဆံပင္အတုေတြကို တခုခ်င္းခြၽတ္ေစခဲ့ၿပီး ဒီျဖစ္စဥ္ကိုလည္း ဖုန္းနဲ႔ ႐ိုက္ကူးမွတ္တမ္း တင္ႏိုင္ခဲ့ပါတယ္။ ဒီဗြီဒီယိုဟာလည္း လူမူကြန္ရက္မွာ ေတာ္ေတာ္ေလးနာမည္ႀကီးေနပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ ဘိုင္ရွင္ဟိုရဲ႕ သမီးျဖစ္သူဟာ ေထာင္းသားေတြ ထြက္ေျပးႏိုင္ေရး အားေပးကူညီမႈနဲ႔ အနည္းဆုံး ေထာင္ဒဏ္ ၂ ႏွစ္အထိ က်ခံရဖို႔ရွိေနၿပီး သူနဲ႔ လိုက္ပါလာတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကေတာ့ စုံစမ္းစစ္ေဆးမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။
2 years Ago
Up