းပုံတပုံခန့် ရှိ

April 2, 2020

စပိန်တွင် ကိုရိုနာကြောင့် သက်ကြီးသေဆုံးနှုန်း သုံးပုံတပုံခန့် ရှိ

စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ဧပြီ ၂ ရက်နေ့မှာ ၁ သိန်းကျော်သွားခဲ့ပြီး သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေကနေ လူသေဆုံးနှုန်းကလည်း တပြည်လုံးသေနှုန်းရဲ့ သုံးပုံတပုံခန့် ဖြစ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ သက်ကြီးရွယ်အိုတွေ အများစုမှီတင်းနေထိုင်ကြတဲ့ စောင့်ရှောက်ရေးဂေဟာတွေဟာ ကပ်ရောဂါဒဏ် အခံစားရဆုံးဖြစ်နေပြီး၊ စပိန်ရေဒီယိုကွန်ရက် ကာဒီနာဆားရဲ့ ထုတ်ပြန်ချက်အရ အဲဒီဂေဟာတွေကသေနှုန်းဟာ စုစုပေါင်းတနိုင်ငံလုံးရဲ့ သုံးပုံတပုံနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။  အစိုးရဘက်ကတော့ ကိန်းဂဏန်းတွေ သိရဖို့ ဒေသအားလုံးက သက်ကြီးဂေဟာတွေအားလုံးထံက ဒေတာတွေကောက်ယူဖို့ ကြိုးစားနေတယ်ပြောပေ မဲ့ ဒီသတင်းကို ငြင်းဆန်ခြင်းသို့မဟုတ် အတည်ပြုခြင်းတွေတော့ မရှိသေးပါဘူး။  ကပ်ဘေးကာလမှာ သက်ကြီး ရွယ်အိုတွေကြား သေဆုံးမှုမြင့်လာလို့ ဂေဟာတွေကို ကူညီမယ့်အရေးပေါ်အစီအစဉ်တွေ ချမှတ်မယ်လို့ မက်ဒရစ် ဒေသခံအစိုးရကလည်း ပြောပါတယ်။  စပိန်မှာ ဗုဒ္ဓဟူးနေ့က သေဆုံးသူ ၈၆၄ ဦးရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၉၃၈၇ ဦး ရှိပြီဖြစ်ပါတယ်။  ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ဧပြီ ၁ ရက်နေ့ တရက်တည်း သေဆုံးမှုဟာ ပြီး ခဲ့တဲ့ရက်တွေနဲ့ယှဉ်ကြည့်ရင် ရာခိုင်နှုန်းနည်းလာသလို၊ ကူးစက်ခံရ သူဦးရေလည်း လျှော့ကျလာတယ်လို့ ပြောတယ်ဆိုပြီး ရိုက်တာသတင်းက ရေးသားထားပါတယ်။
2 years Ago
Up