နွေရာသီ လူငယ်ဘောလုံးသင်တန်း

April 21, 2018

နွေရာသီ လူငယ်ဘောလုံးသင်တန်း လျှောက်လွှာများ စတင်လက်ခံ

နွေရာသီ လူငယ်ဘောလုံးသင်တန်း လျှောက်လွှာတွေ စတင်လက်ခံနေပြီလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ကျောင်းသားလူငယ်တွေအတွက် အခြေခံဘောလုံးပညာတွေ သင်ကြားပေးမယ့် နွေရာသီ လူငယ်ဘောလုံးသင်တန်းကို လာမယ့် ဧပြီ ၂၃ မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြက်ခင်းတုလေ့ကျင့်ရေးကွင်းမှာ ဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ပါတယ်။ အခြေခံ ဘောလုံးသင်တန်းကို အသက် ၈ နှစ်မှ ၁၄ နှစ် အတွင်း (ကျား/မ) မည်သူမဆို တက်ရောက်သင်ယူနိုင်ပြီး သင်တန်းက ၁ လကြာမြင့်မှာ ဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာနေ့တွေမှာ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာတွေက  မနက် ၇ နာရီကနေ ၉ နာရီအထိ အခြေခံ ဘောလုံးပညာတွေ ကြီးကြပ်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။ သင်တန်းသား တဦးကို သင်တန်းကြေး ကျပ် ၃၀၀၀၀  သတ်မှတ်ထားပြီး ၀တ်စုံတစ်စုံစီ သင်တန်းက ပေးအပ်မှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ ပူးတွဲပါ Link မှ သင်တန်းတက်ခွင့်လျှောက်လွှာတွေကို ကူးယူဖြည့်စွတ်ပြီး ဘောလုံးအဖွဲ့ချုပ်ကို ဧပြီ ၂၂ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်ပါတယ်။ ဖုန်းနဲ့ ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက 09251525044 နံပါတ်ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ http://www.mediafire.com/…/p34q…/Summer-Football-School.docx (or) http://pc.cd/Lnn7
3 years Ago
Up