နွေရာသီ လူငယ်အခြေခံဘောလုံး သင်တန်းသား ခေါ်ယူနေ

February 20, 2018

နွေရာသီ လူငယ်အခြေခံဘောလုံး သင်တန်းသား ခေါ်ယူနေ

  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဖွင့်လှစ်မယ့် နွေရာသီ လူငယ်အခြေခံဘောလုံး သင်တန်းအတွက် သင်တန်းသားလျှောက်လွှာတွေ စတင်ခေါ်ယူနေပါတယ်။ အခြေခံဘောလုံးသင်တန်းကို အသက် ၉ နှစ်ကနေ ၁၄ နှစ်ကြား ဘောလုံး ကစားသမားကောင်း ဖြစ်လိုတဲ့   ကျားမ မရွေး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ သင်တန်းကာလက မတ် ၅ ရက်ကနေ ဧပြီ ၅ ရက်အထိ တလဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တို့ရှိ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ သင်တန်းမှာ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာတွေက စနစ်တကျပို့ချပေးမှာဖြစ်သလို  သန်းတိုးအောင်၊ ကြည်လွင်၊ မျိုးလှိုင်ဝင်း၊ ၀င်းအောင်၊ တင်မြင့်အောင်၊ အောင်ကျော်ကျော်၊ သန်းဝေ၊ အေးဆန်း၊ ရာဇာဝင်းသိန်းစတဲ့ နာမည်ကျော် လက်ရွေးစင်ဟောင်းတွေကလည်း အချိန်ပိုင်း လာရောက်ပူးပေါင်းကူညီပြသပေးသွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Myanmar Football Federation
4 years Ago
Up