ထိုင်းနိုင်ငံရောက် တရုတ်အမျိုးသမီး ခရီးသွားတဦးဟာ ဖူးခက်မြို့ မြွေရှိုးပွဲတခုမှာ မြွေကိုက်ခံလိုက်ရပါတယ်။
အဲဒီ တရုတ်အမျိုးသမီးဟာ ဇန်န၀ါရီ ၁၀ ရက်နေ့က ရှိုးပွဲလုပ်နေတဲ့ မြွေကို အနီးကပ်နမ်းဖို့ လုပ်နေချိန် နှာခါင်းမှာ အကိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ မြွေဟာ စပါးကြီးမြွေဖြစ်တာကြောင့် အဆိပ်မတက်ဘဲ အကိုက်ခံရတဲ့ နှာခေါင်းနေရာမှာတော့ သုံးချက်ချုပ်လိုက်ရတယ်လို့ ထိုင်းဒေးလီးနယူးမှာ ဖော်ပြကြပါတယ်။
ဒါ့အပြင် အဲဒီ မြွေရှိုးပွဲ ကုမ္ပဏီ က သူမကို ဆေးကုသစရိတ် အပါအ၀င် နစ်နာကြေး ဘတ်ငွေ ၁ သိန်း ၂ သောင်းပေးမယ်လို့ သိရပါတယ်။
ရုပ်သံ - ပီဘီအက်စ်
7 years Ago