မြွေနှင့်လက်ထပ်ထားသည့်သတင်းထွက်ပေါ်မှု မလေးရှားမီးသတ်သမား ရှင်းလင်း

A d v e r t i s e m e n t With Us

November 19, 2016

မြွေနှင့်လက်ထပ်ထားသည့်သတင်းထွက်ပေါ်မှု မလေးရှားမီးသတ်သမား ရှင်းလင်း

မွေးထားတဲ့ မြွေမနဲ့လက်ထပ်ထားတယ်ဆိုပြီး လူသိများနေတဲ့ သတင်းဇာတ်လမ်းဟာ အမှန်မဟုတ်ဘူးလို့ မလေးရှားလူမျိုး မီးသတ်သမားက ပြောလိုက်ပါတယ်။ ချစ်သူသေဆုံးခဲ့လို့ အသည်းကွဲနေတဲ့ အမျိုးသားတစ်ဦးဟာ အိမ်မွေးမြွေမတစ်ကောင်ကို သူ့ချစ်သူ ပြန်ဝင်စားတာလို့ ယူဆပြီး လက်ထပ်ခဲ့တယ်လို့ ရေးသားခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းက ထွက်လာတဲ့သတင်းတွေဟာ မမှန်ဘူး၊ သူရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်က ပုံတွေကို သုံးပြီး ဒီလိုသတင်းဇာတ်လမ်းတွေ လုပ်တာက အတော် စိတ်ပျက်စရာကောင်းတာပဲလို့ မစ္စတာဟူစိန်က ပြောကြောင်း နိုဝင်ဘာ ၁၈ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၁ နှစ်အရွယ် မွတ်စလင်တစ်ဦးဖြစ်တဲ့ အဘူဇရင်ဟူစိန်ဟာ မလေးရှားနိုင်ငံ ဖဟန်းပြည်နယ်မှာ အခြားမီးသတ်သမားတွေကို မြွေဘယ်လိုဖမ်းရမယ် ကိုင်တွယ်ရမယ်ဆိုတာတွေကို သင်ကြားပြသပေးနေသူပါ။ “ကျနော်က မြွေတွေနဲ့ အမြဲအလုပ်လုပ်နေတာပါ။ ပြီးတော့ မြွေတွေကို ဘယ်လိုကိုင်တွယ်ရမယ် ဘယ်လိုကယ်ဆယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အခြားမီးသတ်သမားတွေကို သင်ကြားပြသပေးနေတာပါ” လို့ပြောပါတယ်။ သူဟာအိမ်ထောင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ရဲ့ဇနီးကလည်း ဒီသတင်းဟာ မဟုတ်မမှန်တဲ့ သတင်းဖြစ်တယ်ဆိုတာ သိလို့ သူတို့နှစ်ဦးကြား ဘာမှ ပြဿနာ မရှိဘူးလို့ ဆိုပါတယ်။ ဒီသတင်းကို မေရာသတင်းမှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ဖော်ပြခဲ့ပြီး နောက်တစ်ရက်မှာတော့ ဒေးလီးမေးလ်သတင်းက ဖော်ပြခဲ့ပါတယ်။ “သူတို့တွေက ကျနော်ပုံတွေကို သုံးပြီး ကျနော်က မြွေနဲ့လက်ထပ်ထားပါတယ်ဆိုပြီး ဇာတ်လမ်းတွေ လုပ်တော့တာပဲ” လို့ အဘူဇရင်ဟူစိန်က မလေးရှားစတားသတင်းစာကို ပြောခဲ့ပါတယ်။ ဒီသတင်းကို မေရာသတင်းဌာနကို ရောင်းခဲ့တဲ့ Exclusive Pix က နစ်က်ရော့ခ်ဆိုတဲ့လူက ထိုင်းနိုင်ငံသတင်းဌာနမှာ အလုပ်လုပ်တဲ့ ဗြိတိန်သတင်းထောက် တစ်ယောက်က သူ့ကို ဒီသတင်းပေးခဲ့တာဖြစ်ကြောင်း အဲ့ဒီထိုင်းသတင်းဌာနကလည်း ဒီသတင်းကို ဦးဆုံးထုတ်ပြန်ခဲ့ကြောင်း ပြောပါတယ်။ မစ္စတာဟူစိန်ကတော့ သူ့မှာ လက်ရှိ မြွေ လေးကောင်ရှိကြောင်း သူတို့ရဲ့အပြုအမူတွေကို နားလည်နိုင်ဖို့ မြွေတွေကို သူနဲ့အတူထားကြောင်း ပြောခဲ့ပါတယ်။
4 years Ago
Up