မြွေနှင့်

May 27, 2018

မြွေနှင့် မိကျောင်းတို့၏ အသေအကျေတိုက်ပွဲ (ဓာတ်ပုံ)

သီရိလကာင်္နိုင်ငံက ယာလာအမျိုးသားပန်းခြံမှာ မိချောင်းကြီးနဲ့ မြွေတို့ အသေအကျေတိုက်ခိုက်ခဲ့ကြပြီး မိကျောင်းကြီးက မြွေကို စားနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ပုံတွေထဲမှာ မိကျောင်းကြီးက မြွေပွေးကို ပါးစပ်နဲ့ကိုက်ထားတာ တွေ့ရပြီး အစပိုင်းမှာ နှစ်ကောင်သား အပြင်းအထန် တိုက်ခိုက်ခဲ့ကြပေမယ့် မိကျောင်းကြီးက အနိုင်ရပြီး သူ့သားကောင်ကို စားဖို့ ရလိုက်တာပါ။ ဒီဓာတ်ပုံတွေကို ပန်းခြံထဲမှာ မှတ်ပုံတင်ထားတဲ့ နည်းပညာအထူးပြုသမား တဦးဖြစ်တဲ့ ရီရှာနီဂူနာဆင်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရီရှာက“ဒါက တကယ့်အချိန်တခုပဲ၊ ကျနော်တို့က မိကျောင်းအကောင်သေးတွေ နေထိုင်ရာ အဓိက လမ်းမကြီးပေါ်ကနေ ရေအိုင်လေးကို ဖြတ်ခဲ့တယ်။ ဂျစ်ကားအများစုက အဲ့နေရာကို အမှုမဲအမှတ်မဲ့ပဲ။ ဒါပေမယ့် အစောပိုင်းမှာ ဖြူဖြူသေးသေးလိုလို အရာတခုကို မြင်ရာကနေ အနီးကပ်ကြည့်ဖို့ စိတ်ဝင်စားလာပြီး ရပ်လိုက်ကြတယ်။ မကြာခင်မှာ မိကျောင်းက အဲ့ဒီဖြူဖြူအရာကို ပါးစပ်ထဲ ထည့်တော့မှ မြွေမှန်းသိတယ်။ တကယ့်အကြီးကြီးနဲ့ ပထမပိုင်း ကျနော်တို့က စပါးအုံမြွေလို့ ထင်တာ၊ နောက်ထပ် ဓာတ်ပုံတွေရိုက်မှ မြွေရဲ့ ကျောဘက်မှာ အစက်အပျောက်တွေ အတွဲလိုက်ကို တွေ့ပြီး ဒါက အဆိပ်ရှိ ရက်ဆယ်မြွေပွေးတကောင်ဆိုတာ သိတော့တယ်။ ဒါပေမယ့် မိကျောင်းကြီးရဲ့ အရွယ်အစားကလည်း မှတ်တမ်းဝင် အရွယ်အစားမျိုး” လို့ ဆိုပါတယ်။ ဒီလို မိကျောင်းက မြွေကို သတ်စားတာ မြင်ဘူးတာ ဘဝမှာ တကြိမ်တခါပဲရှိတယ်။ ဒီလိုမြင်ရခဲတဲ့ မြင်ကွင်းကို မျက်မြင်ဖြစ်လို့ အတော်ကံကောင်းတယ်လို့လည်းရီရှာက ပြောပါတယ်။ သီရိလကာင်္မှာတော့ ရက်ဆယ်မြွေပွေးတွေက ရန်လိုပြီး ဒုတိယ အဆိပ်အပြင်းဆုံးဖြစ်တယ်။ ကျွန်းပေါ်မှာ ဒီမြွေမျိုး ကိုက်ခံရတာ အများဆုံးနဲ့ သေဆုံးမှု အမြင့်ဆုံးဖြစ်တယ်လို့လည်း ရီရှာက ရှင်းပြခဲ့ကြောင်း သည်ဆန်းသတင်းမှာ မေလ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up