မြွေဟောက်နှင့် ခွေး ၅ ကောင်တိုက်ပွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 29, 2016

မြွေဟောက်နှင့် ခွေး ၅ ကောင်တိုက်ပွဲ (ရုပ်သံ)

ကြီးမားတဲ့ မြွေဟောက်တကောင်ကို ခွေး ၅ ကောင်က ၀ိုင်းဝန်းတိုက်ခိုက်နေပါတယ်။ မြွေဟောက်ဟာ ၁၀-၁၃ ပေအထိ ရှည်ပြီး တိုက်ခိုက်တဲ့ အိမ်မွေးခွေးတွေရဲ့ အကြားကနေ အလွတ်ရုန်းဖို့ ကြိုးစားနေပါတယ်။ ခွေးတွေဝိုင်းထားတဲ့ အထဲကနေ မြွေဟောက်က ထွက်နိုင်ဖို့ ခွေးတွေကို ပြန်လည် တိုက်ခိုက်ရင်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ခွေးတွေက ပတ်ချာလည်ဝိုင်းပြီး တိုက်ခိုက်တဲ့အတွက် မြွေဟောက်ဟာ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ခွေးတွေက မြွေဟောက်ကို တစစီဆုတ်ဖြဲသွားနိုင်ပါတယ်။ ဒီလို မြွေဟောက်ကို ခွေးက တိုက်ခိုက်နေတာကို ဒေသခံတဦးက မှတ်တမ်းတင်ထားပြီး ယူကျူကို တင်လိုက်ရာက တရုတ် လူထုနေစဉ် သတင်းက ပြန်လည် ဖော်ပြထားတာ ဖြစ်ပါတယ်။ သတင်းမှာတော့ ဘယ်မှာ ဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။
5 years Ago
Up