မြွေဟောက်နှင့် ဓာတ်ပုံရိုက်ရန်ကြိုးစားသည့် ဆယ်ကျော်သက် အကိုက်ခံရပြီး သေဆုံး (ရုပ်သံ)

February 9, 2017

မြွေဟောက်နှင့် ဓာတ်ပုံရိုက်ရန်ကြိုးစားသည့် ဆယ်ကျော်သက် အကိုက်ခံရပြီး သေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်အရွယ် အမျိုးသားတဦးဟာ အဆိပ်ပြင်းတဲ့ မြွေ ဟောက်ကြီးတကောင်နဲ့ စတန့်ထွင် ဓာတ်ပုံရိုက်ဖို့ ကြိုးစားချိန်မှာ မြွေကိုက်ခံရပြီး သေ ဆုံးသွားခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၁၈ နှစ်အရွယ် ဆွန်နက်သ် မဟာထရီဟာ မြွေထိန်းသိမ်းကာကွယ်ရေး သမားတဦးဖြစ်ပြီး အဲဒီနေ့ကတော့ အဆိပ်ပြင်းမြွေကြီးကို ကားတစီးပေါ်ကနေ ပိုမိုဘေးကင်းတဲ့ နေရာတခုဆီ ရွှေ့ပြောင်းဖို့ လုပ်နေချိန်မှာ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တာပါ။ သူဟာ အမောက်ထောင်နေတဲ့ မြွေကြီးနဲ့အတူ လူတွေကြားမှာ ရှိနေခဲ့ပြီး မြွေကို တို့ထိဖို့ကြိုးစားနေခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ရုတ်တရက်ပဲ မြွေကြီးဟာ သူ့ရင်ဘတ်ကို ပေါက်ခဲ့တဲ့အတွက် နီးစပ်ရာ နာဗီမွန်ဘိုင်းဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ၅ ရက်အကြာမှာတော့ သေဆုံးသွားခဲ့ရတာပါ။ ဆွန်နက်သ်ဟာ တိရစ္ဆာန်ချစ်သူတဦးဖြစ်ပြီး မြွေကောင်ရေ ၁၀၀ ကျော်ကို ထိန်း သိမ်းကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ဖူးသူတဦးဖြစ်ပါတယ်။ အဲဒီနေ့ကတော့ သူဟာ အဆိုပါမြွေဟောက်ကို ဘေးကင်းတဲ့နေရာဆီ ပို့ဆောင်ဖို့ လုပ်ခဲ့တာဖြစ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးဖို့ ကြိုးစားခဲ့တာလို့ လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါတယ်။
4 years Ago
Up