မြွေဟောက်ဘုရင်

May 5, 2017

မြွေပါတွေဟာ အဆိပ်ပြင်း မြွေဟောက်ဘုရင်တွေကို အနိုင်တိုက်နိုင်သလား (ရုပ်သံ)

မြွေဟောက်ဘုရင်လို့ ကြားလိုက်တာနဲ့ အဆိပ်ပြင်းပြီး အန္တရာယ်ရှိတဲ့ မြွေတွေကို ပြေးမြင်မိကြမှာပါပဲ။ သူတို့ဟာ အိန္ဒိယနိုင်ငံတောတွင်းမှာ အဓိကနေထိုင်ကြတာဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတွေမှာ တွေ့ရများတဲ့ မြွေအမျိုးအစားတွေ ဖြစ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေဟောက်ဘုရင်တွေဟာ အရှည်ဆုံး ၁၈ ဒသမ ၅ ပေကနေ ၁၈ ဒသမ ၈ ပေအထိ ရှိနိုင်ပြီး တခြားသားကောင်တွေကိုသာမက မြွေအချင်းချင်းကိုတောင် အင်အားသုံး တိုက်ခိုက်နိုင်တာပါ။ မြွေပါတွေကိုတော့ ကမ္ဘာ့နေရာတော်တော်များများမှာ တွေ့နိုင်ပြီး သူတို့ဟာ မြွေတွေကို အနိုင်တိုက်ခိုက်နိုင်တဲ့ အဆိပ်ပြီးတဲ့ သတ္တဝါတွေလို့ သိထားကြပါတယ်။ တကယ်တမ်းကတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ ပါရှိတဲ့ အင်ဇိုင်းတမျိုးကြောင့် မြွေတွေရဲ့အဆိပ်ကို ခံနိုင်ရည်ရှိပြီး မသေနိုင်တာပါပဲ။ သက်တမ်း ၈ နှစ်ကနေ ၁၃ နှစ်လောက်ထိ ရှင်သန်နိုင်တဲ့ မြွေပါတွေဟာ အုပ်စုလိုက်ဖြစ်ဖြစ်၊ တကောင်တည်းဖြစ်ဖြစ် အစာရှာထွက်လေ့ရှိကြပြီး ဖား၊ ဂဏန်း၊ မြွေ၊ ကြက်၊ အိမ်မြှောင်နဲ့ တခြားသတ္တဝါငယ်တွေကို ဖမ်းယူစားသောက်ပြီး နေထိုင်ကြတာပါ။ လျင်မြန်ပြီး ပရိယာယ်လည်း ကြွယ်ဝတဲ့ မြွေပါတွေနဲ့ မြွေဟောက်ဘုရင်တွေ ထိပ်တိုက်တွေ့ဆုံကြချိန်မှာ ဘယ်သူက အနိုင်ပိုင်း တိုက်ခိုက်နိုင်လိမ့်မလဲ ဆိုတာကိုတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကြည့်ရှုနိုင်ပါတယ်။
4 years Ago
Up