မြွေဟောက်ပါးစပ်ကို အပ်ချည်ဖြင့်ချုပ်ရန်ကြိုးစားသည့် အမျိုးသား မြွေကိုက်ခံရပြီးသေဆုံး

January 16, 2018

မြွေဟောက်ပါးစပ်ကို အပ်ချည်ဖြင့်ချုပ်ရန်ကြိုးစားသည့် အမျိုးသား မြွေကိုက်ခံရပြီးသေဆုံး (ရုပ်သံ)

အပ်ချည်ကြိုးနဲ့ အပ်တချောင်းကို အသုံးပြုပြီး အဆိပ်ပြင်း မြွေဟောက်တကောင်ရဲ့ ပါးစပ်ကို ချုပ်ဖို့ ကြိုးစားခဲ့သူ အမျိုးသားတဦးဟာ အဲဒီမြွေဟောက် အကိုက်ခံရပြီး သေဆုံးသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘီဟာပြည်နယ်ထဲမှာ ဖြစ်ခဲ့ပြီး ဘိုလာနတ်သ်လို့ အမည်ရတဲ့ အမျိုးသားဟာ မြွေဟောက် နေပူဆာလှုံနေတာကို တွေ့ခဲ့တာပါ။ အေးလွန်းတဲ့ ရာသီဥတုကြောင့် မြွေဟောက်ဟာ မလှုပ်မယှက်ဘဲ ရှိနေချိန်မှာ ဘိုလာက လည်ပင်းမှ ဖမ်းချုပ်ထားကာ ပါးစပ်ကို အပ်နဲ့သီချုပ်ဖို့ ကြိုးစားခဲ့တာလို့ မေရာသတင်းမှာ ဇန်နဝါရီ ၁၅ ရက်နေ့က ဖော်ပြပါတယ်။ ဒါပေမယ့် အပ်ဖျားနဲ့ စထိုးလိုက်ချိန်မှာပဲ မြွေက ရုန်းကန်ပြီး သူ့လက်ကို ကိုက်ခဲပစ်လိုက်တာပါ။ မြွေကိုက်ခံလိုက်ရတဲ့ ဘိုလာကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် မမီတော့ဘဲ လမ်းမှာတင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ စိတ်ဆိုးဒေါသထွက်နေကြတဲ့ မိသားစုဝင်တွေက မြွေဟောက်ကိုလည်း သတ်ပစ်လိုက်ကြကာ ဘိုလာနဲ့ ဘေးချင်းကပ်လျက်သား မြေမြှုပ်ခဲ့ကြတာပါ။ ဘိုလာဟာ မြွေတွေကိုဖမ်းရတာ စိတ်ဝင်စားပြီး ရွာနီးချုပ်စပ်တွေမှာလည်း ဖမ်းလေ့ရှိကာ ဒီမြွေဟောက်ကိုတော့ အိမ်ကိုယူသွားပြီး အယဉ်သွင်းဖို့ ကြိုးစားချင်ခဲ့တာလို့ အိမ်နီးချင်းတဦးဖြစ်တဲ့ ရမ်နက်သ်က ပြောပါတယ်။
4 years Ago
Up