မြွေပွေး

October 3, 2017

ထူးဆန်းအံ့ဖွယ် အစိမ်းရောင်မြွေပွေးတကောင်၏ ပါးပြင်းထောင် ရုန်းကြွသည့် အခိုက်အတန့် (ရုပ်သံ)

ထူးဆန်းအံ့သြဖွယ် အစိမ်းရောင်အဆင်းရှိတဲ့ မြွေပွေးတကောင်ရဲ့ ပါးပြင်းထောင် ရုန်းကြွပြီး ခုခံတဲ့ အခိုက်အတန့် ရုပ်သံဗွီဒီယိုဖိုင်ကို နာမည်ကြီးဓာတ်ပုံဆရာ ရော့စ်မက်က်ဂစ်ဘွန်က ရိုက်ယူထားနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ တောတွင်းတနေရာမှာ ဖြစ်ခဲ့ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အနှေးပြကွက်နဲ့ ပြသထားခဲ့တာကို တွေ့ရမှာပါ။ သစ်တောသစ်ပင်စိမ်းစိမ်းကြားမှာ ခွေပတ်နေခဲ့တဲ့ မျက်လုံးနီနီ၊ ကိုယ်ရောင်စိမ်းစိမ်း အဆင်းရှိတဲ့ မြွေပွေးဟာ ရုတ်တရက် ဦးခေါင်းကို ရုန်းကြွပြီး ရှေ့ကိုတိုးထွက်ခဲ့ချိန် ရိုက်ယူထားနိုင်ခဲ့တဲ့ ဒီအခိုက်အတန့်ဟာ တကယ့်ကို အံ့မခန်းပါပဲ။ မြွေပွေးတွေဟာ ခုလိုနည်းလမ်းနဲ့ သားကောင်တွေဖြစ်တဲ့ လေထဲက ငှက်တွေ၊ ဖွတ်ပုတတ်၊ ဖား စတဲ့ သတ္တဝါငယ်တွေကို ဆွဲယူစားသောက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ခုရိုက်ယူထားခဲ့တဲ့ အခိုက်အတန့်ကတော့ တိုက်ခိုက်ခုခံဖို့မဟုတ်ဘဲ ကင်မရာတွေက ထိုးချိန်ထားခဲ့တဲ့ မီးအလင်းရောင်တွေကနေ ကာကွယ်တာသာဖြစ်တယ်လို့ ရော့စ်က ဆိုပါတယ်။
4 years Ago
Up