မြွေအုပ်စုကြားမှ အသက်လုပြေးရသည့် ဖွတ်ငယ်လေး၏ ထိတ်လန့်ဖွယ် ရုပ်သံမြင်ကွင်း

A d v e r t i s e m e n t With Us

November 9, 2016

မြွေအုပ်စုကြားမှ အသက်လုပြေးရသည့် ဖွတ်ငယ်လေး၏ ထိတ်လန့်ဖွယ် ရုပ်သံမြင်ကွင်း

ဒါဟာ သိပ်ကို ထိတ်လန့်ချောက်ချားစရာကောင်းတဲ့ ရုပ်သံပြကွက်တခုပါပဲ။ နိုဝင်ဘာလ ၇ ရက် ညက ပြန်လည်ပြသတဲ့ “Planet Earth” မှတ်တမ်းရုပ်ရှင် အပိုင်း ၂ ရဲ့ ဗွီဒီယိုရုပ်သံထဲမှာ မြွေတွေက မွေးကင်းစဖွတ်ကလေးတွေကို လိုက်ဖမ်းလို့ ထွက်ပြေးရတဲ့ ရုပ်သံပြကွက်ကို မြင်တွေ့ကြရမှာပါ။ ဒေးဗစ်အက်တန်ဘရောက်ဖ် တင်ဆက်တဲ့ ဘီဘီစီ မှတ်တမ်းရုပ်ရှင်ကို ပြန်လည်ကြည့်ရှုဖို့ အကြာကြီးစောင့်ခဲ့ရတဲ့ ပရိသတ်ထောင်ပေါင်းများစွာကို ဒီဇာတ်လမ်းဇာတ်ကွက်ဆန်တဲ့ ရုပ်သံမြင်ကွင်းက အင်မတန် ထိတ်လန့်တုန်လှုပ်သွားစေပါတယ်။ တွစ်တာပေါ်မှာ ဒီမှတ်တမ်းရုပ်ရှင်အပိုင်းကို ကြည့်ရှုခဲ့ရသူတွေက မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ပြီး သူတို့ကိုယ်တိုင် “အိပ်မက်ဆိုးများရဲ့အကြောင်း” လို့ အမည်ပေးထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်အပိုင်းကို ဂါလာပဂိုစ်ကျွန်းတွေထဲက ဖာနန်ဒီနာကျွန်းပေါ်မှာ ရိုက်ကူးခဲ့တာပါ။ သဲအောက်ထဲကနေ မွေးကင်းစဖွတ်လေးတွေ ထွက်လာချိန် မြွေတွေက အဲဒီဖွတ်လေးတွေကို စားဖို့ နောက်ကနေ လိုက်ဖမ်းကြတာပါ။ တချို့ဖွတ်ကလေးတွေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် တချို့လည်း မပြေးနိုင်ခဲ့လို့ မြွေတွေက ဖမ်းမိသွားပါတယ်။ မွေးကင်းစဖွတ်လေးတကောင် မြွေတွေရဲ့ ဖမ်းဆီးခံရပြီးမှ လွတ်မြောက်သွားတာကိုလည်း ဒီမှတ်တမ်း ဗွီဒီယိုရုပ်သံမှာ တွေ့မြင်ရမှာပါ။ ဒီရုပ်သံကို ဇွန်လထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး မြွေတွေအတွက်လည်း တနှစ်လုံးအတွက် အစာရှာဖို့ အကောင်းဆုံးအချိန် ဖြစ်နေတာပါ။ မြွေတွေကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့ကတော့ ရိုက်ကူးဖို့ ထိတ်လန့်နေကြပြီး တင်ဆက်သူ ဒေးဗစ်ကလည်း ဒါမျိုးကို တခါမှ မမြင်ခဲ့ဖူးဘူးလို့ ပြောပါတယ်။ ရုပ်သံထဲကအခန်းကို မြင်ခဲ့ရတဲ့ ကြည့်ရှုသူတွေလည်း ရိုက်ကူးခဲ့သူတွေလိုပဲ ကြောက်ရွံ့ထိတ်လန့်နေကြပြီး Plannet Earth II ထဲက “မြွေတွေ ဖွတ်အကောင်ပေါက်တွေကို လိုက်နေတာက မဲလ်ဂစ်ဘ်ဆင် ရုပ်ရှင်လိုပဲ” “လုံးဝမယုံကြည်နိုင်စရာပဲ မြွေတွေလိုက်ကိုက်နေတာက တကယ့်အိပ်မက်ဆိုးပဲ” စသဖြင့် မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။
4 years Ago
Up