မြွေများကို ကခုန်စေပြီး ဝမ်းရေးဖြေရှင်းသည့် မြွေလမ္ပာယ်ရွာလေး စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရ

January 26, 2017

မြွေများကို ကခုန်စေပြီး ဝမ်းရေးဖြေရှင်းသည့် မြွေလမ္ပာယ်ရွာလေး စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရ (ရုပ်သံ)

သားရိုင်းတိရစ္ဆာန် ကာကွယ်ရေးစည်းမျဉ်းတွေနဲ့ ဖျော်ဖြေရေးအခွင့်အလမ်းတွေ ကျဆင်းလာလို့ အိန္ဒိယမြောက်ပိုင်းက ဆာပေရဲ့စ် မြွေလမ္ပာယ်ရွာလေးဟာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။ ဒီရွာသားတွေဟာ အဆိပ်ပြင်းမြွေတွေကို ဖမ်းပြီး ဂီတသံနဲ့အတူ မြွေတွေကခုန်အောင် ခိုင်းစေတဲ့အလုပ်နဲ့ မျိုးရိုးအစဉ်အဆက် အသက်မွေးပါတယ်။ ခုတော့ ဒီအလုပ်နဲ့ အသက်မွေးရ ခက်ခဲနေပါပြီ။ အိန္ဒိယနိုင်ငံအတွင်း မြွေလမ္ပာယ်ဆရာတွေကို ရှီဗာနတ်ဘုရားရဲ့ နောက်လိုက်တွေလို့ ယူဆကြပါတယ်။ ဒီ ဟိန္ဒူနတ်ဘုရားကို လည်ပင်းမှာ မြွေဟောက်ဘုရင်ကို ပတ်ထားတဲ့ပုံနဲ့ ပုံဖော်လေ့ရှိပါတယ်။ ကန်ပါမြို့စွန်က ရွာမှာ ကလေးတွေဟာ အိမ်မှာ မြွေတွေနဲ့ အတူ အိမ်မွေးတိရစ္ဆာန်လို ဆော့ကစားရင်း ကြီးပြင်းလာကြတာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ထိ မြွေလမ္ပာယ်ဆရာတွေဟာ ဈေးတွေနဲ့ ပွဲတော်တွေမှာ ဘူးသီးခြောက်ပုလွေကိုမှုတ်ရင်း မြွေတွေကို ကခုန်ခိုင်းပြီး ပုံမှန် အလမ္ပာယ် ပြလေ့ရှိပါတယ်။ ၁၉၇၂ သားရိုင်းကာကွယ်ရေး ဥပဒေအရ အာဏာပိုင်တွေက မြွေလမ္ပာယ်ဆရာတွေကို နှိမ်နင်းခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ မြွေလမ္ပာယ်ပြတာကို တရားဝင် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဥတြာပရာဒေ့ရှ်ပြည်နယ် ဂျိုဂီဒေရာရွာဟာ မြွေလမ္ပာယ်ပြသူ အယောက် ၁၀၀၀ လောက်ရှိရာ လူ့အဖွဲ့အစည်းပါ။ အခုတော့ အလှူငွေ၊ နို့၊ သကြားနဲ့ ပေါင်မုန့်တို့လို အလှူပစ္စည်းတွေကို လက်ခံ အသက်မွေးနေရပါတယ်။ အခုတော့ မြွေကိုက်ဒဏ်ရာအတွက် ဆေးဖော်ဖို့၊ အဆိပ်ပြင်းမြွေတွေကို နှိမ်နင်းဖို့နဲ့ နာမကျန်းတဲ့မြွေတွေကို စောင့်ရှောက်ဖို့ မြွေလမ္ပာယ်ဆရာတွေရဲ့ စွမ်းရည်ကို သုံးပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြန်ပျိုးထောင်ဖို့ အဆိုပြုထားပါပြီ။ အကောင်အထည်ဖော်မှုတော့ မရှိသေးပါဘူး။
4 years Ago
Up