လူအများစုဟာ မြွေကိုလှမ်းမြင်လိုက်ရရင် ကြောက်လန့်တကြား ထွက်ပြေးကြမှာဖြစ်ပေမယ့် မြွေတကောင်နဲ့ လုံးထွေးဆော့ကစားနေတဲ့ ဒီကလေးငယ်ကို ကြည့်ရတာ ထိတ်လန့်ကြောက်ရွံ့တာမျိုးမရှိဘဲ တကယ့်ကို ပျော်ရွှင်နေပုံပါပဲ။
အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ ဒီကလေးငယ်ဟာ နေအိမ်ဧည့်ခန်းထဲမှာ မိသားစုနဲ့အတူ ရှိနေခဲ့ချိန် မြွေတကောင်က ၀င်လာခဲ့တာပါ။
နေအိမ်ဧည့်ခန်းထဲကို မြွေတကောင် လျှောဝင်လာခဲ့ချိန်မှာ ကလေးငယ်က အကြောက်အလန့်မရှိဘဲ မြွေရဲ့ခေါင်းကို ဖမ်းယူခဲ့လို့ မိခင်ဖြစ်သူဆီက ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရတာပါ။
အဲဒီနောက်တော့ ကလေးငယ်ဟာ အဲဒီမြွေနဲ့ အံ့သြစရာကောင်းလောက်အောင် လက်ပွန်းတတီး ဆော့ကစားနေခဲ့တာကို တွေ့ရပါတယ်။
မြွေဟာ ကလေးငယ်ဆီကနေ လွတ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် သူက ဖမ်းထားခဲ့ပြီး ရစ်ပတ်နေခဲ့ကာ ပျော်ရွှင်မြူးထူးနေခဲ့တာကို တွေ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်ထဲက နေအိမ်တအိမ်ထဲမှာ ဖြစ်ခဲ့ပြီး တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူတွေဟာ အံ့အားသင့်ပြီး မှတ်ချက်တွေ အမျိုးမျိုးပေးခဲ့ကြတာပါ။
လင်ဒါဟောင်အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “ကျမ မြွေတွေကို မနှစ်သက်ပါဘူး။ ဒီလိုထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ဗွီဒီယိုဖိုင်တွေကိုလည်း ကြည့်ခဲပါတယ်” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
6 years Ago