ရှဥ့်တွေဟာ များသောအားဖြင့် ချိုမြိန်တဲ့ အစေ့အဆံတွေကိုသာ စားကြလေ့ရှိတယ်လို့ သိထားကြတာပါ။
ဒါပေမယ့် တချို့ရှဥ့်တွေကျတော့ တကယ်တမ်း မခံမရပ်နိုင်လောက်အောင် ဆာလောင်လာပြီဆိုရင် သူတို့ဟာ အသားဘက်ကို လှည့်ပြီး စားသောက်ဖို့ ကြိုးစားကြတာကို ဒီရုပ်သံဗွီဒီယိုဖိုင်က သက်သေခံနေပါတယ်။
ဒေးလီးမေးလ်သတင်းတပုဒ်မှာဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အာဖရိကန် ရှဥ့်ကလေးတကောင်ဟာ မြွေတကောင်ကို အစာအဖြစ် စားသောက်ဖို့ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
ရှဥ့်ကလေးဟာ အဲဒီမြွေရဲ့ အမြီးပိုင်းကို ကိုက်ခဲ့ချိန်မှာ မြွေဟာ နာကျင်မှုကြောင့် လူးလွန့်ကာ လျှောထွက်ပြေးဖို့ ကြိုးစားပေမယ့် မလွတ်ဘဲ ရှိနေခဲ့တာပါ။
အဲဒီနောက်တော့ မြွေဟာ သူ့ကို ပြန်ပေါက်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ ရှဥ့်ဟာ နောက်ကို ပြန်ဆုတ်နေခဲ့ပြီး အခါကောင်း စောင့်နေခဲ့တာကို တွေ့ရပါတယ်။
ရှဥ့်ဟာ မြွေရှိရာဆီ တိုးကပ်လာခဲ့ပြီး ကိုက်ဖို့ ကြိုးစားလိုက်၊ ပြန်ဆုတ်လိုက်နဲ့ ရှိနေခဲ့တာပါ။
တကြိမ်မှာတော့ ရှဥ့်ဟာ မြွေရဲ့ဦးခေါင်းကို ကိုက်လိုက်နိုင်ပြီး ခဲထားခဲ့ချိန်မှာ မြွေဟာ မလှုပ်ရှားနိုင်ဘဲ ရှိခဲ့တာပါ။
အဲဒီနောက်တော့ မြွေဟာ ရှဥ့်ကို ပြန်တိုက်ဖို့ မကြိုးစားတော့ဘဲ လျှောထွက်ပြေးခဲ့ချိန်မှာ ရှဥ့်ဟာ သူ့ရဲ့အမြီးပိုင်းကို ခဲကာ စားသောက်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။
အင်းဆက်တွေ၊ ဥတွေနဲ့ တခြားအကောင်ဗလောင်ငယ်တွေကိုသာ အသားအဖြစ် စားသောက်ကြတာဖြစ်ပေမယ့် ဒီတိုက်ခိုက်မှုကတော့ တကယ့်ကို အံ့သြစရာပါပဲ။
6 years Ago