ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ကြေးမုံသတင်းစာတိုက်မှာ ငွေကိုင်ဝန်ထမ်းက ငွေတွေခိုးယူပြီး မီးရှို့ဖို့ ကြံစည်ခဲ့တယ်လို့ ကြေးမုံသတင်းစာက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ၅၂ လမ်းထောင့်က ကြေးမုံသတင်းစာတိုက် (ရန်ကုန်ရုံးခွဲ) မှာ မနေ့ညနေက ဖြစ်ခဲ့တာပါ။
ငွေကိုင်ဝန်ထမ်းတယောက်က ဌာနမီးခံသေတ္တာထဲကို ၅၀၀ တန် ငွေတချို့နဲ့ ငွေစက္ကူအရွယ် စက္ကူထုပ်တွေ ထည့်ပြီး မီးရှို့ဖို့ ကြံစည်တာလို့ ဆိုပါတယ်။
ကြံစည်နေတုန်းမှာပဲ တခြားဝန်ထမ်းတွေက တွေ့ရှိခဲ့ပြီး ပုဇွန်တောင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့လည်း ကြေးမုံသတင်းစာက ထုတ်ပြန်ထားပါတယ်။
3 years Ago