ကြေးနန်းဆက်သွယ်ရေးပြုပြင်သည့် မြေအောက်စတီးကြိုးနှင့်ငြိပြီး လေထဲ တပတ်လည်သည့်ကား

November 30, 2015

ကြေးနန်းဆက်သွယ်ရေးပြုပြင်သည့် မြေအောက်စတီးကြိုးနှင့်ငြိပြီး လေထဲ တပတ်လည်သည့်ကား (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဟဘေးခရိုင်၊ ရှန်တိုင်းမြို့က လမ်းဆုံလမ်းခွတခုမှာ ကြေးနန်း ဆက်သွယ်ရေး ပြုပြင်မှုလုပ်နေစဉ် မြေအောက်စတီးကေဘယ်လ်ကြိုးနဲ့ ငြိမိပြီး ယာဉ်တိုက်မှု ဖြစ်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ မြေအောက်ကြေးနန်းကြိုး ဆက်သွယ်ရေး ပြုပြင်မှုတွေ လုပ်နေချိန်မှာ လမ်းပေါ်က စတီးကေဘယ်လ်ကြိုးဟာ မိလ္လာကားတစီးအောက်မှာ ငြိနေခဲ့တာလို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီ စတီးကေဘယ်လ်ကြိုးကို လမ်းကြောအတိုင်း မောင်းနှင်လာတဲ့ကားက ဖြတ်တိုက်မိခဲ့ချိန်မှာ တိုက်မိတဲ့ကားဟာ ရှေ့ဆက်မသွားနိုင်တော့ဘဲ ဆက်တိုးလေ စတီးကေဘယ်လ်ကြိုး တင်းလာလေဖြစ်ပြီး လေထဲမှာ တပတ်လည်နေခဲ့တာပါ။ အဲဒီကားဟာ လေထဲမှာ တပတ်လည်ပြီး အနီးကကားကို ၀င်တိုက်မိခဲ့တာ ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ရုပ်သံ - စီစီတီဗွီ
6 years Ago
Up