ကြောင်ဖြူလေး

June 14, 2018

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ရုရှား နိုင်မည်ဟု ကြောင်ဖြူလေး ခန့်မှန်း

ဒီကနေ့ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ အိမ်ရှင် ရုရှားက ဆော်ဒီအသင်းကို အနိုင်ရမယ်လို့ ကြောင်ဖြူလေးက ခန့်မှန်းလိုက်ပါတယ်။ ရုရှားနိုင်ငံ စိန့်ပီတာဘတ်စ် မီဒီယာစင်တာမှာ အဖွင့်ပွဲစဉ်အတွက် ကြောင်ကို ခန့်မှန်းမှုတွေ လုပ်ခိုင်းခဲ့တာပါ။ ဘေးတဖက်စီမှာ ရုရှားနဲ့ ဆော်ဒီ အလံတွေကို ထောင်ထားပြီး အစာခွက် ၂ ခွက်ချကာ ခန့်မှန်းစေခဲ့တာပါ။ ကြောင်ဖြူလေးက ရုရှားအလံရှိတဲ့ဘက်က အစာကို စားတဲ့အတွက် ရုရှားနိုင်မယ်လို့ ခန့်မှန်းတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီကြောင်ဖြူလေးဟာ ပြီးခဲ့တဲ့နှစ် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ၄ ပွဲမှာ ၃ ပွဲကို ခန့်မှန်းရာ မှန်ကန်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
3 years Ago
Up