ကြောင်ကလေးများ

April 11, 2017

လူသားများကဲ့သို့ ပြုမူလှုပ်ရှားနိုင်ကြသည့် ချစ်စရာ ကြောင်ကလေးများ (ရုပ်သံ)

လူတွေနဲ့ လက်ပွန်းတတီးနေထိုင်ကြတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်ကလေးတွေရဲ့ အတုယူမြန်ပုံဟာ တကယ့်ကို အံ့သြစရာပါပဲ။ သူတို့ဟာ လူသားတွေလိုပဲ နေ့စဉ်ရှင်သန်နေထိုင်မှုဘဝထဲက ချစ်စဖွယ်လှုပ်ရှားမှုတွေနဲ့ ရှိနေကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အိမ်မွေးတိရစ္ဆာန် ချစ်စရာကြောင်ကလေးတွေရဲ့ အတုခိုးပြုမူလှုပ်ရှားကြပုံတွေကို တွေ့မြင်ကြရပါလိမ့်မယ်။ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်နေတဲ့ သခင့်အနားမှာ ဘားတန်းကို ခိုစီးပြတာတွေ၊ ဖရဲသီးကို လူတွေအတိုင်း ကိုက်စားပြခဲ့တာတွေအပြင် ရှေ့ခြေ ၂ ချောင်းကို ထောက်ကာ ကင်းမြီးကောက်ထောင် အနေအထားနဲ့ လမ်းလျှောက်ပြခဲ့တဲ့ ကြောင်ကလေးတွေကို ရုပ်သံဗွီဒီယိုအစပိုင်းမှာ တွေ့ရပါတယ်။ အဲဒီနောက်တော့ ကလေးပုခက်လွှဲချော့သိပ်တဲ့ လှုပ်ရှားမှုတွေ၊ လက်ဆွဲနှုတ်ဆက်သယောင် လက်ချင်းထိတွေ့ပြခဲ့တာတွေ၊ တံခါးကိုဖွင့်ဖို့ ကြိုးစားပြခဲ့တာတွေ၊ ကြမ်းပြင်ကို အဝတ်နဲ့ သန့်ရှင်းရေးလုပ်ပေးခဲ့တာတွေ၊ ပြေးစက်ပေါ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြခဲ့တာတွေဟာ လူတွေနဲ့မခြား တုပလုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။
4 years Ago
Up